27 C
Yangon

လောင်းလုံးမြို့နယ်တွင် 7 July နေ့ အခမ်းအနားနှင့် ချီတက် ဆန္ဒပြပွဲ ပြုလုပ်

Must read

လောင်းလုံးမြို့နယ်တွင် 7 July နေ့ အခမ်းအနားနှင့် ချီတက် ဆန္ဒပြပွဲ ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၇

လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ် ကော်မတီ (DDMSC) မှ ဦးဆောင်ကာ 7 July နေ့ အခမ်းအနားနှင့် ချီတက် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် သမိုင်းအစဉ်အလာကြီးမားသည့် သမဂ္ဂခွပ်ဒေါင်းအလံတော်အား အလေးပြုခြင်း၊ ၁၉၆၂ ခုနှစ် 7 July အရေးခင်းအတွင်း ကျဆုံးသွားခဲ့ကြသည့် ကျောင်းသားအာဇာနည်များနှင့် ခေတ်အဆက် ဒီမိုကရေစီအရေး ဖက်ဒရယ်အရေးလှုပ်ရှားမှုများအတွင်း ကျဆုံးသွားခဲ့ကြရသော ပြည်သူ့သူရဲကောင်းများအား အလေးပြုခြင်း၊ အခြေခံပညာကျောင်းသား/သူများမှ ‘၇ ရက် ဂျူလိုင်သီချင်း’အား သီဆိုခြင်း၊ အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာများအား ဖတ်ကြားခြင်းနှင့် တော်လှန်ရေးကဗျာများ ရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားကို ထားဝယ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းသား ကျောင်းသူများ အပါအဝင် ‌အမျိုးသမီးများ လူငယ်များနှင့် ဒေသခံ အလုပ်သမား လယ်သမားအများအပြား တက်ရောက်ခဲ့ကြောင်း၊ အခမ်းအနားပြီးဆုံးချိန်တွင် “7 July စိတ်ဓါတ် ကိုင်ဆွဲကြ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကြ” ဘန်နာ ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ကြွေးကြော်သံများ ကြွေးကြော် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article