26 C
Yangon

ထားဝယ်မြို့နယ်၊ မြင်းမတ်တပ်ရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ရုပ်အလောင်းကို ဖျောက်ဖျက်၊ ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား

Must read

ထားဝယ်မြို့နယ်၊ မြင်းမတ်တပ်ရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ရုပ်အလောင်းကို ဖျောက်ဖျက်၊ ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား

ရန်ကုန်၊ ဇူလိုင် ၇

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မြင်းမတ်တပ်ရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်ပြီး ရုပ်အလောင်းကို ဖျောက်ဖျက်ခဲ့ကြောင်း Dawei information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၆ ရက်နေ့ ညပိုင်းတွင် ထားဝယ်မြို့နယ်၊ မြင်းမတ်တပ်ရွာသား အသက် ၄၀ ကျော်အရွယ်ရှိ ဦးဟန်ဝင်း ဆိုသူကို အကြမ်းဖက် စစ်တပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ရုပ်အလောင်းကို မြေမြုပ်ကာ ဖျောက်ဖျက်ခဲ့ကြောင်း သိရသည်။

” ဦးဟန်ဝင်းက သူ့ဆိုင်ကယ် မိုးရေထဲမှာ မို့လို့ အပြင်ထွက်ယူတာ အဲတာကို စစ်သားတွေက မြင်ပြီးသေနတ်နဲ့ ပစ်သတ်လိုက်တာပါ။ သူ့အိမ်ရှေ့မှာပဲ ပစ်ခံရတာ” ဟု Dawei information Center မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရေဝိုင်း၊ လားချောင်း၊ မြင်းမတ်တပ်ရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ပြီး မြင်းမတ်တပ်ရွာသား ၃ ဦးနှင့် ရေဝိုင်းရွာသား ၂ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး ယနေ့ နံနက်ပိုင်းတွင် ကင်းကုန်းဘက်သို့ထွက်သွားကြောင်း သိရသည်။

ထားဝယ် အရှေ့တောနယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၃ ခုခွဲ၍ ယခုပတ်အတွင်း၌ တောနင်းရှာဖွေမှုများ ဆက်တိုက် ပြုလုပ်နေကာ ဇူလိုင်လ ၂ ရက်နေ့ကလည်း သင်္ကန်းတုံးရွာရှိ ဥသြစစ်ကြောင်း၏ ရှေ့တန်းနေရာကို စစ်တပ်က တပ်သားများ အလစ်ဝင် တိုက်ခိုက်ခဲ့ရာ PDF ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး လက်နက်အများအပြားကို စစ်တပ်က သိမ်းဆီးကာ ပြည်သူနေအိမ် ၅ လုံးကို မီးရှို့ခဲ့ကြောင်း Dawei information Center မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article