ရေစကြိုမြို့နယ်တွင် ဆဲဗင်းဇူလိုင် နေ့အဖြစ် စစ်အာဏာရှင် အမြစ်ပြတ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇူလိုင် ၇
ရေစကြိုမြို့နယ်တွင် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ – ရေစကြိုမြို့နယ် ပအဖ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ရေစကြိုမြို့နယ် ပကဖ၊ ပညာရေးဘုတ်အဖွဲ့-ရေစကြိုမြို့နယ်နှင့် ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် ဆဲဗင်းဇူလိုင် နေ့အဖြစ် စစ်အာဏာရှင် အမြစ်ပြတ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။