မြိုင်မြို့နယ် သပိတ် စစ်ကြောင်းက 7 July နေ့အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇူလိုင် ၇
မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၇ ရက်နေ့တွင် 7 July နေ့အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီ၊ ကြားကာလပြည်သူ့အခြေပြုကျောင်းတစ်ကျောင်းမှ ကျောင်းသားကျောင်းသူများ ၊ ဆရာဆရာမများနှင့် ဒေသပြည်သူလူထုက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။


