ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကားကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၈
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင် စစ်သားများ လိုက်ပါလာသည့် ၁၂ ဘီးကားကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံး ခဲ့ကြောင်း Rangers Army ပျောက်ကြားတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်တိုက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၈ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရွှေဘိုမြို့နယ် ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း တွင် ကျောက်မြောင်းမှ ရွှေဘိုသို့ လာသည့် စစ်သားများ လိုက်ပါလာသော ၁၂ ဘီးကားကို မိုင်း ၃ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
အလားတူ ဒုတိယအကြိမ် ရွှေ-ကျောက်မြောင်းလမ်း တအုံ-အုန်းပေါက် အကြားတွင် ယနေ့ နံနက် ၈ နာရီ ၃၈ မိနစ်တွင် ရှေ့ထွက်မိုင်း ၄လုံးဖြင့် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး ၁၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုကို Rangers Army ပျောက်ကြားတပ်ဖွဲ့နှင့် SBDFခွဲ ၄ ၊ရွှေဘိုတိုက်နယ် ၆ တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း Rangers Army ပျောက်ကြားတပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်တိုက်က ပြောဆိုသည်။