ကနီတွင် ပျူစောထီး စခန်းကို မောင်းသူမဲ့ လေယာဥ်ငယ် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ ဘီးလင်းရှိ BGF ၏ မဲလံဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၈
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းပျူစောထီးစခန်းကို မောင်းမဲ့လေယာဉ်ငယ်၊ လက်နက်ကြီး ဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကျောက်လုံးကြီး KLG တပ် မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၇ ရက် နံနက် ၁၀ နာရီခန့်က အကြမ်းဖက်စစ်တပ် ပျူစောထီးအင်အား ၁၀၀ ကျော် ဖြင့် တပ်စွဲထားသော အလယ်ကျွန်းရွာစခန်းကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ ( KLG PDFကျောက်လုံးကြီး)အဖွဲ့မှ Shar Htoo Waw Dron နည်းပညာ(မောင်းသူမဲ့လေယာဉ်)ကို အသုံ းပြုပီး 1Kg ဗုံးသီး ၇ လုံးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ကနီမြို့နယ် CRA တပ်ဖွဲ့မှလည်း တာဝေးပစ်လက်နက်ကြီးဖြင့် ၆၀ မမ ဗုံးသီး ၇ လုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ထိုခိုက်သေဆုံးမှုကတော့ ရှိတယ်ဗျ၊ အတိအကျမသိရသေးတာ၊ စစ်ခွေး ဗိုလ်နေတဲ့အိမ်၊ ပျူခေါင်း ဆောင် နေတဲ့အိမ်တွေ၊ လက်နက်ဂိုထောင်တွေ၊ ကင်းပုန်းစခန်းနေရာတွေမှာ ဗုံးသီးတွေကျကွဲ ခဲ့တယ် လို့သိရတယ်၊ ကျနော်တို့ဘက် လက်နက်ကြီးပစ်တဲ့နေရာနေရာ၊ ဒရုန်းလွှတ်တဲ့နေရာတွေကို ၆၀ မမ တွေနဲ့ ပြန်ပစ်တယ်၊ လက်နက်ငယ်တွေနဲ့လည်း ရမ်းပစ်တယ်၊ ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်း ပါတယ်” ဟု ကျောက်လုံးကြီး KLG တပ် မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ကနီမြို့နယ်၊ အလယ်ကျွန်းပျူစောထီးရွာနှင့်စခန်းကို အကြမ်းဖက်စစ်တပ်က ပြီးခဲ့သည့် ဇွန်လက Mi 17 ရဟတ်ယာဉ်ဖြင့် လက်နက်များပို့ဆောင်ကာ ပျူစောထီးများကို တပ်ဆင်ပေးထားပြီး အကြမ်းဖက်စစ် သား၊ ရဲ၊ ပျူစောထီး ၁၀၀ ကျော်ဖြင့် တပ်စွဲထားကြောင်း၊ ၎င်းတို့ကို တိုက်ခိုက်နိုင်ရန် မိဘပြည်သူများမှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးစေလိုကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ မေတ္တာရပ်ခံထားသည်။
အလားတူ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့ မဲလံဂိတ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု -KRF ထံမှ သိရ သည်။
ယနေ့ ဇူလိုင်လ ၈ ရက်နေ့လည် ၁ နာရီ မိနစ် ၅၀ ခန့်က ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကိုလည်းကောင်း၊ ည နေ ၂ နာရီ မိနစ် ၄၀ ခန့်က ဒုတိယအကြိမ် ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကိုလည်းကောင်း ကျဲချ တိုက်ခိုက် ခဲ့ပြီး အကြမ်းဖက်စစ်တပ်လက်အောက်ခံ BGF တပ်သား ထိခိုက်သေဆုံးမှုအခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု -KRF ၊ KNLA ၊ PDF ၊ TPDF ၊ PPDF- KD ၊ Yangon Eagle Force နှင့် ကျိုက်ထိုပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။