25 C
Yangon

ပြည်ကြီးတံခွန်မြို့နယ်ရှိ ၈ ရပ်ကွက်ရုံးကို ဗုံးခွဲတိုက်ခိုက်၊ ထားဝယ်မြို့ပေါ်ရှိ လဝကရုံးအနီး ဗုံးပေါက်ကွဲ

Must read

ပြည်ကြီးတံခွန်မြို့နယ်ရှိ ၈ ရပ်ကွက်ရုံးကို ဗုံးခွဲတိုက်ခိုက်၊ ထားဝယ်မြို့ပေါ်ရှိ လဝကရုံးအနီး ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဇူလိုင် ၈

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၅၈ လမ်း၊ ၁၂၃ လမ်းနှင့် ၁၂၄ လမ်းကြားရှိ အမှတ် ၈ ရပ်ကွက်ရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force- NMD အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၈ ရက် နေ့လည် ၁၂ နာရီခန့်က အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးအပါအဝင် ပျူစောထီးများ ရုံးထိုင်လေ့ရှိသော အဆိုပါရပ်ကွက်ရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှူအခြေ အနေ အတိအကျမသိရသေးပဲ စုံစမ်းနေဆဲဖြစ်ကြောင်း၊ ဖောက်ခွဲမှုအပြီး အကြမ်းဖက် စစ်သား၊ ရဲများ လက်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

“ခွေးတွေနေတာတော့ မရှိဘူးဗျ၊ အုပ်ကြီးရယ်၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ ပျူအပါအဝင် ၈ ယောက် လောက်ရုံးထိုင်လေ့ရှိတယ်၊ ဖောက်ခွဲမှုပြီးတော့ ရုံးတွင်း၊ ရုံးပြင် ခွေးတွေ ခြေရှုပ်သွားတယ်လို့ သတင်း ရတယ်၊ တခြားထိခိုက်ပျက်စီးမှုတော့ မသိရသေးဘူး၊ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု No More Dictatorship People Defence Force- NMD အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောကြားသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဝဲကျွန်းထိန်လယ် ရပ်ကွက်ရှိ လဝကရုံးအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း Dawei information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ခန့်တွင် ထားဝယ်မြို့၊ ဝဲကျွန်းထိန်လယ် ရပ်ကွက်ရှိ လဝကရုံးအပြင်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း ပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းဖောက်ခွဲမှုကို မည်သည့် အဖွဲ့က ပြုလုပ်သည်ကို အတည်မပြုနိုင်သေးဘဲ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ကညန၊ လဝကရုံးရှိ ဝန်ထမ်းများသည် ပြေးလွှား လှုပ်ရှားခြင်းမရှိဘဲ CCTV ကို ကြည့်ရှု့၍ပုံမှန်အတိုင်းအလုပ်လုပ်နေကြောင်း၊ အဆိုပါ ဖောက်ခွဲမှုကို စစ်တပ်က ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသ ပြည်သူများက ပြောဆိုသည်။

Photo – ထားဝယ်မြို့ လဝက ရုံးအားတွေ့ရစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article