မြင်းမူမြို့နယ်၊ နဘဲကြူးကျေးရွာတွင် PDF ရဲဘော် ၁ ဦးနှင့် ပြည်သူ ၃ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်
ရန်ကုန်၊ ဇူလိုင် ၉
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ နဘဲကြူးကျေးရွာတွင် PDF ရဲဘော် ၁ ဦးနှင့် ပြည်သူ ၃ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဇူလိုင်လ ၆ ရက်နေ့ မြင်းမူမြို့နယ်၊ နဘဲကြူးကျေးရွာကို စစ်တပ်က ဝင်ရောက်လာပြီးနောက် ကျေးရွာသား ဦးစန်းဝင်းနှင့် သားဖိုးကြောင်၊ မောင်ကျော်သူအောင်နှင့် တော်လှန်ရေးရဲဘော် အောင်ဇော်ထက်တို့ကို လူမဆန်စွာ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
“မြင်းမူမြို့နယ်၊ နဘဲကြူးရွာကို စစ်ခွေးတွေ ဝင်ရောက်လာပြီး ဆိတ်ကျောင်းနေတဲ့ ဦးစန်းဝင်းနဲ့ သားဖိုးကြောင်၊မောင်ကျော်သူအောင်၊ ရဲဘော်အောင်ဇော်ထက် တို့ကို လူမဆန်စွာ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ထားခဲ့ကြပါတယ်။ အလောင်းတွေက မြင်မကောင်းအောင်ကို ရက်ရက်စက်စက်သတ်ခဲ့ကြတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။