27 C
Yangon

မြင်းမူမြို့နယ်ရှိ ဂုံညှင်းဆိပ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၈၀ ကျော် ပြာကျ၊ ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က ငကင်းရွာကို မီးတင်ရှို့နေ

Must read

မြင်းမူမြို့နယ်ရှိ ဂုံညှင်းဆိပ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၈၀ ကျော် ပြာကျ၊ ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က ငကင်းရွာကို မီးတင်ရှို့နေ

ရန်ကုန်၊ ဇူလိုင် ၉

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂုံညှင်းဆိပ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၁၈၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မြင်းမူမြို့နယ်၊ ဂုံညှင်းဆိပ်ရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး နေအိမ် ၁၈၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။

“မြင်းမူမြို့နယ် ဂုံညှင်းဆိပ်ကျေးရွာကို ၇ ရက်နေ့က စစ်ခွေးတွေက မီးရှို့ဖျက်ဆီးသွားတယ်။ နေအိမ် ၁၈၀ ကျော် မီးလောင်ပြာကျသွားတယ်။ ရွာမှာက အိမ်ခြေ အရေတွက် ၆၀၀ ကျော်လောက်ရှိတယ်။ စစ်ခွေးတွေက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းပါမကျန် အကုန်ရှို့သွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ယနေ့ ဇူလိုင်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ငကင်းရွာကို ဝင်ရောက်စီးနင်းနေပြီး ငကင်း​မြောက်ရွာကို မီးရှို့ဖျက်ဆီးကာ လက်ရှိချိန်တွင် ငကင်းတောင်ရွာ၌ ရောက်ရှိ​နေကြောင်း ဒေသ ပြည်သူများက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article