26 C
Yangon

ရေတာရှည်မြို့ပေါ်ရှိ လဝက ရုံးကို ဖောက်ခွဲတိုက်ခိုက်မှု စစ်​သား ၂ ဦးသေဆုံး

Must read

ရေတာရှည်မြို့ပေါ်ရှိ လဝက ရုံးကို ဖောက်ခွဲတိုက်ခိုက်မှု စစ်​သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၉

ပဲခူးတိုင်း၊ ရေတာရှည်မြို့ပေါ်ရှိ လဝက ရုံးကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Daung Minn Thar-Yedashe-PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၇ ရက်နေ့ ညနေ ၆ နာရီ ၃၇ မိနစ်တွင် ရေတာရှည်မြို့ပေါ်ရှိ လဝက ရုံးကို သံတောင်မြောက်ပိုင်း အထူးဒေသ တပ်ခွဲ ၄ ဒေါင်းမင်းသား ညီနောင်အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးကာ ကျန် ၁ ဦးမှာ ဆေးရုံသို့ပို့ဆောင်စဥ် လမ်းတစ်ဝက်၌ သေဆုံးခဲ့ကြောင်း သိရသည်။

” ရေတာရှည်မြို့ပေါ် လဝကရုံး အပေါက်ဝထိပ်ကို အဝေးထိန်းမိုင်း ၁ လုံးဖောက်ခွဲလိုက်တာ ကင်းပတ် စစ်ခွေး ၂ ကောင် နေရာတင်ပုံကျကာ ရုံးစောင့် ၁ ဦးလက်ပြတ်သွားတယ်။ စစ်ခွေး ၁ ကောင်ကတော့ နေရာတင် ပွဲချင်းပြီးသေသွားပြီး ၁ ကောင်ကတော့ ဆေးရုံတင်တာ လမ်းတဝက်တင်သေသွားတယ်” ဟု Daung Minn Thar-Yedashe-PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article