25 C
Yangon

ဖားကန့်မြို့ရှိ ရှင်းရင်ဟိုတယ်ပိုင်ရှင် အမျိုးသမီးကို လူတစ်စု အပြင်ခေါ်ထုတ် သတ်ဖြတ်သွား

Must read

ဖားကန့်မြို့ရှိ ရှင်းရင်ဟိုတယ်ပိုင်ရှင် အမျိုးသမီးကို လူတစ်စု အပြင်ခေါ်ထုတ် သတ်ဖြတ်သွား

ရန်ကုန်၊ ဇူလိုင် ၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြို့ပေါ် ဆိပ်မူရပ်ကွက်တွင် ဖွင့်လှစ်ထားသော ရှင်းရင် ဟိုတယ်ပိုင်ရှင် အမျိုးသမီးကို လူတစ်ုက အပြင်သို့ ခေါ်ထုတ်၍ သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများနှင့် ဖားကန့်မြို့မှ စီးပွားရေးအသိုင်းအ၀ိုင်းက အတည်ပြုပြောသည်။

ဇူလိုင်လ ၈ ရက်နေ့ ည ၉ နာရီအချိန် ရှင်းရင်ဟိုတယ်ပိုင်ရှင် အမျိုးသမီးကို အမည် မသိ လူတစ်စုက အပြင်သို့ လာရောက်ခေါ်ဆောင်သွားကြောင်း ၊ ယင်းနောက် ဟိုတယ်နှင့် မလှမ်းမကမ်း လမ်းဆုံ တစ်နေရာတွင် သတ်ဖြတ်၍ အလောင်း ကို စွန့်ပစ်သွားခဲ့ကြောင်း သိရှိရသည်။

“မနေ့ညပိုင်းက ဖားကန့်မှာရှိတဲ့ ရှင်းရင် KTV၊ HOTEL ပိုင်ရှင် သူဌေးမ ကို လူတစ်စုက အပြင်ကို ခဏဆိုပြီး ခေါ်ထုတ်သွားတာ။ ကားနဲ့ ခေါ်သွားတယ်။ နောက်ပြီးတော့ တစ်ခါတည်း သတ်ပြီးတော့ ပစ်ချထားခဲ့တယ်။ ပျူစောထီးတွေရဲေ လက်ချက်ပါဆိုပြီး ပြောနေကြတယ်။ ဖားကန့်မှာ သူဌေး တွေ ဓားပြတိုက်ခံရ အသတ်ခံရဖြစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article