26 C
Yangon

အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူဟု စွပ်စွဲခံရသူ လူငယ် ၂ ဦးကို ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်

Must read

အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူဟု စွပ်စွဲခံရသူ လူငယ် ၂ ဦးကို ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်

■ ရန်ကုန်ခေတ်သစ်၏ စုံစမ်းချက်အရ စစ်တပ်က စစ်ကြောရေးတွင် လူငယ် ၂ သီးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့

ရန်ကုန်၊ ဇွန် ၉

အမျိုးသားရေး အစွန်းရောက် လီလီနိုင်ကျော်ကို ပစ်သတ်သူဟု စွပ်စွဲခံရသူ လူငယ် ၂ ဦးကို ထွက်ပြေး၍ ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်သော်လည်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ပြောဆိုသည်။

စစ်ကောင်စီ၏ လိမ်လည် သတင်းထုတ်ပြန်ချက်တွင် ဇူလိုင်လ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန် လီလီနိုင်ကျော်ကို သတ်ဖြတ်သည်ဟု စွပ်စွဲခံရသူ ကိုကောင်းဇာနည်ဟိန်း(ခ) လပြည့်ဦး(ခ) ကောင်းကောင်းနှင့် ကိုကျော်သူ(ခ) အီးတီတို့ ၂ ဦးကို ခေါ်ဆောင်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ ၂၉ ရပ်ကွက်၊ မောင်းမကန်လမ်းဘေးခြုံပုတ်အတွင်းတွင် ဝှက်ထားသော လက်နက်နှင့်ခဲယမ်းများကို ရှာဖွေနေစဉ် ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာမှ ၂ ဦးစလုံးဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ရန်ကုန်ခေတ်သစ်၏ စစ်ဘက်နှင့်ရဲဘက် ဖရဲသီးသတင်းရင်းမြစ်ကမူ ကိုကောင်း ဇာနည်ဟိန်း(ခ) လပြည့်ဦး(ခ) ကောင်းကောင်းနှင့် ကိုကျော်သူ(ခ) အီးတီတို့ ၂ ဦးလုံးကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး သတင်းထုတ်ပြန်ချက် တွင်ပါဝင်သော အချိန်နှင့်နေရာများမှာလည်း မှန်ကန်မှုမရှိကြောင်း ပြောဆိုသည်။

“စစ်ကြောရေးမှာ ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ သိထားပါတယ်။ ထုတ်ပြန်ထားတာတွေက ဇတ်လမ်းဆင်ထားတာပါ” ဟု စစ်ဘက်နှင့်ရဲဘက် ဖရဲသီးသတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် ဇွန်လ ၆ ရက်နေ့ ညပိုင်းတွင် လီလီနိုင်ကျော်ကို သတ်ဖြတ်သူအဖြစ် စွပ်စွဲခံရသူ ကိုကောင်းဇာနည်ဟိန်း(ခ) လပြည့်၏ မိခင် ဒေါ်သဲမာလာဝင်းနှင့် အစ်မဖြစ်သူ မဆောင်းသဇင်ဦးတို့ကို ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ၊ အမှတ်၉၀ အေးမေတ္တာလမ်း၊ နေအိမ်တွင် မဘသနှင့်ပျူစောထီးများက ဝင်ရောက် ရိုက်နှက်၊ ပစ်ခတ်သတ်ဖြတ်ခဲ့ရာတွင်လည်း ကိုကောင်းဇာနည်ဟိန်း၏ လိပ်စာဖြစ်သော ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာ၊ အမှတ်၉၀ အေးမေတ္တာလမ်း၊ နေအိမ် လိပ်စာကို စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)က ပျူစောထီးများထံ ပေးပို့ခဲ့ကြောင်း၊ သတ်ဖြတ်ရာတွင် ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာမှ ပျူစောထီး နိုင်ကြီး(ခ) အရုပ်ကြီး လူမိုက်အဖွဲ့နှင့် အတူ မဘသ၊ အမျိုးသားရေး အစွန်းရောက်များပါဝင်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article