25 C
Yangon

သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၁ လုံးနှင့် ဘုန်းကြီးကျောင်းမုဒ်ဝ တို့ ထိမှန်ပျက်စီး

Must read

သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၁ လုံးနှင့် ဘုန်းကြီးကျောင်းမုဒ်ဝ တို့ ထိမှန်ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၁၀

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၁ လုံးနှင့် ဘုန်းကြီးကျောင်းမုဒ်ဝ တို့ ထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။

ဇူလိုင်လ ၇ ရက်နေ့ ည ၁ဝ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၉ တပ်ရင်းက လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ပြီး ထုံးဘိုလေးကျေးရွာကို ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး လက်နက်ကြီး ထိမှန်ကာ ဦးနောင်ဆိုင်း၏ နေအိမ် ၁ လုံး၊ ရွာဘုန်းကြီးကျောင်းမုဒ်ဝနှင့် ရွာလမ်းဘေး ဓာတ်မီးတိုင်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ယင်းနေ့ ညနေ ၃ နာရီ ၁၅ မိနစ်တွင်လက်နက်ကြီး ၄ လုံး နှင့် ညနေ ၆ နာရီ ၂ မိနစ်တွင် လက်နက်ကြီး ၆ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ညထီးကြိုးကွင်း (ဒေသအခေါ်အဝေါ်) တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဝီယော်ကွင်းတွင်လည်း လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ထိတ်လန့်ကြောက်ရွံ့နေပြီး မကြာခဏ တိမ်းရှောင်နေကြရကာ လက်နက်ကြီး ကျရောက် ပေါက်ကွဲသည့် ထုံးဘိုလေးကျေးရွာတွင် ယခင်ကလည်း လက်နက်ကြီး အလုံးရေများစွာ ပစ်ခတ် ခံခဲ့ရသည့်အပြင် အကြမ်းဖက် စစ်တပ်က ရွာထဲဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြုလုပ်ခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article