29 C
Yangon

ရေစကြို၊ ကိုင်မကြီးရွာမှ နွားကျောင်းသား ကိုကျော်သက်ပိုင်ကို ပျူစောထီး အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်

Must read

ရေစကြို၊ ကိုင်မကြီးရွာမှ နွားကျောင်းသား ကိုကျော်သက်ပိုင်ကို ပျူစောထီး အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်

ရန်ကုန်၊ ဇူလိုင် ၁၀

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကိုင်မကြီးရွာမှ နွားကျောင်းသား ကိုကျော်သက်ပိုင်ကို ပျူစောထီး အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့တွင် ရေစကြိုမြို့နယ် ကိုင်မကြီးကျေးရွာမှ အသက် ၁၅ နှစ်အရွယ် နွားကျောင်းသား ကိုကျော်သက်ပိုင်သည် ပခန်းကြီး ကျောင်းတော်ကြီးရှေ့ ဇရပ်တွင် ထိုင်နေစဥ် ဆင်ချောင်းရွာမှ ပျူစောထီးများက ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပျူစောထီးအဖွဲ့များ ဖမ်းဆီးသွားသည့် သတင်းကို ကြားသိရသောကြောင့် ကိုကျော်သက်ပိုင်၏ မိဘများက ဆင်ချောင်းရွာရှိ ပျူစောထီးများကို သွားရောက် မေးမြန်းစဥ် ၎င်းတို့ ဖမ်းဆီးသွားခြင်း မရှိကြောင်း ငြင်းဆန်ပြီး ညနေပိုင်းတွင် မောင်ကျော်သက်ပိုင်ကို သတ်ဖြတ်ထားသည့် ဓာတ်ပုံများ ပျူစောထီးအဖွဲ့နှင့် ဆက်စပ်နေသည့် တယ်လီဂရမ်ချန်နယ်များတွင် တက်လာကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“မနေ့က နံနက် ၁၁ နာရီမှာ ဖမ်းပြီး ညနေ ၃ နာရီမှာ သူတို့တွေရဲ့ တယ်လီဂရမ်မှာ တက်လာတယ်။ ချက်ချင်းသတ်ပစ်တာ။ ရိုးရိုးသာမန်ပြည်သူ နွားကျောင်းသား အသက် ၁၅ နှစ်အရွယ်။ မိဘတွေ လိုက်သွားချိန်မှာ ဆင်ချောင်း ပျူစောထီးတွေက သူတို့ မဖမ်းဘူးဗြောင်ပလီတယ်။ သူတို့ရေးသလို ဘာတိုက်ပွဲမှလည်း မဖြစ်ဘူး။ ကောင်လေးက PDF လည်း မဟုတ်ဘူး။ ရိုးရိုးပြည်သူနွားကျောင်းသားတစ်ယောက်ပါ” ဟု ဒေသပြည်သူများတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

ပျူစောထီးများနှင့် ဆက်စပ်နေသည့် တယ်လီဂရမ်ချန်နယ်များတွင် ဆင်ချောင်းရွာ ပျူစောထီးနှင့် PDF များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်ဦးသေ၍ လက်နက်များ ဖမ်းဆီးရမိသည်ဟူ၍ လိမ်လည်ရေးသားထား​ကြောင်း၊ မြေပြင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မောင်ကျော်သက်ပိုင်မှာလည်း PDF တစ်ဦး မဟုတ်ကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

ဆင်းချောင်းရွာ၌ ပျူစောထီး ခေါင်းဆောင် ငလင်းဆိုသူသည် အပြစ်မဲ့ ပြည်သူများကို မကြာခဏ ဖမ်းဆီးသတ်ဖြတ်၍ ငွေကြေးတောင်းခံမှုများရှိကြောင်း၊ ယခင်ကလည်း အနီးနားရှိ ရွာများတွင် ဆင်ချောင်း ပျူစောထီးများ၏ မတရားသတ်ဖြတ်ခံရသည့် ပြည်သူများ ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article