25 C
Yangon

မုံရွာမြို့နယ်၊ မအူရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

မုံရွာမြို့နယ်၊ မအူရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၅ နာရီ ၅၁ မိနစ်ခန့်တွင် မုံရွာမြို့ အဝင်ဂိတ် မအူခ်ပေါက်ဂိတ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က မအူရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ​မအူကျေးရွာမှ အသက် ၄၅ နှစ်အရွယ် မနွယ်ဝင်း သေဆုံးခဲ့ပြီး သေဆုံးသူ၏ ခင်ပွန်း အသက် ၅၀ နှစ်၊ အသက် ၇ နှစ်နှင့် ၅ နှစ် အရွယ် ကလေးငယ်တို့လည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ဒီနေ့ ညနေ ၅ နာရီ ၅၁ မိနစ်က မုံရွာအဝင်ဂိတ် မအူခ်ပေါက်ဂိတ်က စစ်ခွေးတွေ မအူရွာဘက်ကို လက်နက်ကြီး ၆၀ မမနဲ့ ရမ်းသမ်း ပစ်ခတ်လို့ မအူကျေးရွာက ပြည်သူ ၁ ဦး လက်နက်ကြီးထိမှန် သေဆုံးသွား​တယ်” ဟု မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article