ယင်းမာပင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲနှင့် တော်လှန် ဖျော်ဖြေမှုများ ပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၁၀
ယင်းမာပင်မြို့နယ်တွင် သပိတ် စစ်ကြောင်းများ ပူးပေါင်းကာ ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲနှင့် တော်လှန် ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲနှင့် ဖျော်ဖြေမှုကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း၊ အောင်လံလွှင့်မည်ရွှေရေကြည် သပိတ် စစ်ကြောင်း၊ အားမာန်သစ် သပိတ် စစ်ကြောင်းနှင့် ကယ်တင်ရှင်မရှာ တို့ကျေးရွာ သပိတ် စစ်ကြောင်းတို့ ပူးပေါင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။