26 C
Yangon

ဖြူးမြို့နယ်၊ အုတ်ဖြတ် ရဲစခန်းနှင့် အုတ်ဖြတ် တံတားရှိ စစ်တပ် ဂိတ်တို့ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

Must read

ဖြူးမြို့နယ်၊ အုတ်ဖြတ် ရဲစခန်းနှင့် အုတ်ဖြတ် တံတားရှိ စစ်တပ် ဂိတ်တို့ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၀

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ် ရဲစခန်းနှင့် အုတ်ဖြတ် တံတားရှိ အကြမ်းဖက် စစ်တပ်ဂိတ်တို့ကို KNLA၊ ရိုးမစစ်ကြောင်း ၂ ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် အုတ်ဖြတ် စစ်တောင်း မြစ်ကူးတံတားရှိ အကြမ်းဖက် စစ်တပ်၏ လုံခြုံရေး ဂိတ်ကို စနိုက်ပါဖြင့် သွားရောက် ပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဒရုန်းဖြင့် ၆၀ မမဗုံးသီးချ တိုက်ခိုက်ခဲ့ရာ တပ်သား ၂ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၈ ရက်နေ့ကလည်း အုတ်ဖြတ်တံတားကို လုံခြုံရေးယူရန်လာသည့် အုတ်ဖြတ်ရဲစခန်းမှ စစ်သားများကို KNLA၊ ရိုးမစစ်ကြောင်း ၂ ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ၆၀ မမ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article