25 C
Yangon

စစ်တပ်က ပြည်သူများကို နိုင်ငံရေးနှင့်ပတ်သက်သည့် အမှုများ ဆင်၍ ငွေညှစ်၊ အမျိုးသားတချို့ကို စစ်တပ်ထဲသို့ အတင်းအဓမ္မ ခေါ်သွင်း

Must read

စစ်တပ်က ပြည်သူများကို နိုင်ငံရေးနှင့်ပတ်သက်သည့် အမှုများ ဆင်၍ ငွေညှစ်၊ အမျိုးသားတချို့ကို စစ်တပ်ထဲသို့ အတင်းအဓမ္မ ခေါ်သွင်း

ရန်ကုန်၊ ဇူလိုင် ၁၁

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်တပ်တပ်ရင်းတပ်ဖွဲ့များက ပြည်သူ များကို အကြောင်းမဲ့ နိုင်ငံရေးနှင့်ပတ်သက်သော အမှုများ ဆင်၍ ငွေညှစ်မှုများ များပြားလာကြောင်း ငွေညှစ်ခံရသည့် ပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကကျက်ဘက်ကျေးရွာတွင် လမ်းဘေး ဆိုင် ဖွင့်လှစ်ပြီး အသက်မွေးဝမ်းကြောင်းနေသူများ၊ ဆိုင်ခန်းပိုင်ရှင်များ၊ လုပ်ငန်းရှင်များကို စစ်တပ် ဘူးသီးတောင်မြို့နယ် အမှတ် ၁ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး တင်မိုးအောင်က ပုဒ်မ အမျိုးမျိုးအသုံးပြုခြိမ်းခြောက်၍ တောင်းယူ နေကြောင်း သိရှိရသည်။

“ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊ ကကျက်ဘက်ကျေးရွာမှာ လမ်းဘေး ဆိုင် ရောင်းပြီးမိသားစုကိုအသက်မွေးဝမ်းကျောင်းပြုနေကြသူတွေ ကို ဘူးသီး တောင်မြို့နယ် အမှတ် ၁ စစ်ဗျူဟာမှူးတင်မိုးအောင်က ပုဒ်မအမျိုးမျိုးတပ်ပြီး ငွေကျပ်သိန်းပေါင်း များစွာ ခြိမ်းခြောက်တောင်းပါတယ်။ ကျက်ဘက်လမ်း ဘေးစျေး မဖျက်စေချင်ရင် ငွေကျပ်သိန်း ၅၀၀ ပေးဆိုပြီး တောင်းယူပါတယ်။ ဆိုင်ခန်း ပိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေကို သိန်း ၁၀၀ စီ ငွေညှစ်ပါတယ်။ အခု နောက် တခါ ဘူးသီးတောင်မှာ ငွေချမ်းသာသူ လူ ၄ ဦးကိုစစ်ဗျူဟာမှူး တင်မိုး အောင်ရဲ့ တပည့် အောင်သန်းထွန်က ခေါ်ယူစစ်ဆေးပြီး ငွေကျပ်သိန်း ၁ဝဝ စီ ငွေညှစ်ပါတယ်။ မပေးရင် နိုင်ငံရေးပုဒ်မနဲ့ အရေးယူမယ်လို့ ခြိမ်း ခြောက် ပါ တယ်။ အဲသလိုမျိုး ရိုဟင်ဂျာများကို အကွက် အမျိုးမျိုး ဆင်ငွေညှစ် ခံနေရ တယ်။ ဘူးသီးတောင်မြို့နယ်တစ်ခုလုံးမှာ ရိုဟင်ဂျာစီးပွားရေသမားများ၊ငွေ ကြေး ဥစ္စာချမ်းသာသူများကိုခေါ်ယူ ထိန်းသိမ်းပြီး စစ်တပ်က ငွေကျပ် သိန်း ပေါင်း များ စွာ ခြိမ်းခြောက်တောင်းယူနေပါတယ်” ဟု ဘူးသီးတောင်မြို့ ခံတစ်ဦးက ပြောဆို သည်။

ထို့ပြင် မိုခါမုန်တိုင်းဒဏ်ခံနေရသော ဘူးသီးတောင်မှ ပြည်သူများအတွက် ရိက္ခာ၊ ဆန်၊ဆား၊ရေသန့်ဘူးနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများကို စစ်ဗျူ ဟာမှူး တင်မိုးအောင်က အာဏာသုံးဖြတ်ယူမှုများ မျက်နှာလိုက် ပေးမှုများရှိနေကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ စေတုတ္တရာဂိတ်တွင် စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး အမှုဆင် ငွေညှစ်တောင်းယူနေမှုများရှိနေကြောင်း၊ ဖမ်းဆီးခံရသူ ပြည်သူတစ်ဦးလျှင် ငွေကျပ် ၁၅ သိန်းဖြင့် ရွေးယူခိုင်းကြောင်း ၊ တချို့ကို စစ်တပ်ထဲသို့ အတင်းသွပ်သွင်းနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

” ဇွန်လ ၁၄ ရက်နေ့ မကွေးကနေ ထီးလင်းကို ‌ပြန်လာတဲ့ ပြည်သူတချို့ (လုံခြုံရေးအရ အမည်မဖော်ပြနိုင်ပါ) စေတုတ္တရာ ဂိတ်မှာ ဖမ်းချုပ်ခံ လိုက်ရ တယ်။ ကားသမား၊ ကားပေါ်ပါလာတဲ့သူတွေကို မှတ်ပုံတင်က ၈/ မို့လို့ ဖမ်း တယ်ဆိုပြီး ဖမ်းထားတယ်။ ၄ ရက် ၅ရက်လောက်ကြတော့မှ ကားသမားက သူ့မိန်းမအိမ်ကို ဖုန်းဆက်ပြီး ၁၅ သိန်းနဲ့ လာရွေးဖို့ ပြောတယ်” ဟု ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ရသူတစ်ဦးက ပြောသည်။

စစ်တပ်က တောင်းခံသည့် ငွေကြေးကို စစ်တပ်က လွှဲခိုင်းသည့် Kpay နံပါတ် သို့ လွှဲရပြီး ပြည်သူ ၁ ဦးလျှင် ၁၅ သိန်း ငွေလွှဲပေးသော်လည်း မလွှတ်ပေးဘဲ ထပ်မံ ငွေတောင်းယူကြောင်း၊ တစ်ဦးလျှင် ငွေကျပ် ၂၁ သိန်း ဝန်းကျင် ရရှိမှ သာ ရှေ့ဆက်မသွားရန်နှင့် မကွေးမြို့သို့ ပြန်ရန် ပြောဆိုပြီး လွှတ်ပေးခဲ့ ကြောင်း၊ အမျိုးသားတစ်ဦးကိုမူ ပြန်လွှတ်မပေးဘဲ စစ်တပ် ထဲသို့ ခေါ်သွင်း လိုက်ကြောင်း၊ ဖမ်းဆီးထားစဉ်လည်း ညှဉ်းပန်းနှိပ်စက်မှုများ လုပ်ဆောင် ကြောင်း သိရှိရသည်။

“ငွေမရမချင်း ၁၀ရက်လုံးလုံးထမင်းတစ်စေ့မှမကျွေးဘူး။ ဇူလိုင်လ ၃ ရက် နေ့မှာ ပြည်သူတချို့ ပြန်လွတ်ပေမယ့် အမျိုးသားတစ်ဦးကတော့ စစ်ထဲ အသွင်း ခံလိုက်ရတယ်။ ပိုက်ဆံလည်းတောင်းသေးတယ်။ လူကိုလည်း စစ် တပ်ထဲ အတင်းထည့်သေးတယ်။ စေတုတ္တရာ ဂိတ်စောင့် စစ်ခွေးတွေက အတော် လူ မဆန်နေတာပါ” ဟု ကိုယ်တိုင်ကြုံတွေ့ရသူ ပြည်သူက ပြောဆို သည်။

စစ်တပ်က ပြည်သူများကို ငွေကြေးခြိမ်းခြောက်တောင်းယူမှုများ၊ ညှဉ်းပန်းနှိပ် စက်မှုများ၊ စစ်တပ်ထဲ သွင်းနေမှုများနှင့်ပတ်သက်ပြီး စစ်ကောင်စီထိပ်ပိုင်းသို့ တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူမှုမရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးအဝင်အ၀။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article