32 C
Yangon

ဒိုက်ဦးအကျဉ်းထောင်မှ ထောင်ပြောင်းခံရသူ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးအနက်မှ ၁၇ ဦး အင်းစိန်ထောင်ရောက်ရှိလာပြီး တိုက်ပိတ် ရိုက်နှက်ခံထားရ

Must read

ဒိုက်ဦးအကျဉ်းထောင်မှ ထောင်ပြောင်းခံရသူ နိုင်ငံရေးအကျဉ်းသား ၃၇ ဦးအနက်မှ ၁၇ ဦး အင်းစိန်ထောင်ရောက်ရှိလာပြီး တိုက်ပိတ် ရိုက်နှက်ခံထားရ

■ အကျဉ်းထောင်မှ ထောင်ပြောင်းခံရသူ နိုင်ငံရေးအကျဉ်းသား ၈ ဦးထက်မနည်း ပစ်သတ်ခံရပြီး သေဆုံးခဲ့ဟုဆို

ရန်ကုန်၊ ဇူလိုင် ၁၁

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကော အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်း သား ၃၇ ဦးအနက်မှ ၁၇ ဦးသည် အင်းစိန်ထောင်သို့ ရောက်ရှိလာပြီး ရိုက်နှက်ခံရခြင်း၊ တိုက်ပိတ်ခံရခြင်းများ ကြုံတွေ့နေရကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဇွန်လ ၂၇ ရက်နေ့တွင် ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကောအကျဉ်းထောင်မှ နိုင်ငံ ရေး အကျဉ်းသား ၃၇ ဦးကို သာယာ၀တီထောင်နှင့် အင်းစိန် အကျဉ်း ထောင်သို့ ပြောင်းရွှေ့ခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား ၈ ဦးထက်မနည်းမှာ ပစ်ခတ်သတ် ဖြတ် ခံလိုက်ရကြောင်း၊ အကျဉ်းသားတချို့မှာ သက်ဆိုင်ရာ ထောင်များသို့ ရောက်လာပြီး အင်းစိန် အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၇ ဦး ရောက်ရှိ လာကြောင်း၊ ရောက်ရှိလာသော အကျဉ်းသားများကို အင်းစိန်အကျဉ်းထောင်တွင် တိုက်ပိတ်ခြင်း၊ ရိုက်နှက်ခြင်းများ စစ်တပ်နှင့် အကျဉ်းဦးစီးဌာနက လုပ်ဆောင်ကြောင်း သိရှိရသည်။

” ဇူလိုင်လ ၂၇ ရက်နေ့မှာ ဒိုက်ဦးထောင်က ပြောင်းလာတဲ့ နိုင်ငံရေးအကျဥ်းသား ၁၇ ဦး အင်းစိန်ထောင်ကို ရောက်လာပါတယ်။ ရောက်ရောက်ချင်းမှာပဲ အဲဒီအကျဉ်းသားတွေကို အရမ်းကို ရိုက်နှိက်တယ်။ ဆေးရုံရောက်တဲ့သူတွေ ရောက်ကုန်ပါတယ်။ အင်းစိန်ထောင် အဆောင် ၂ ကို နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ပို့လိုက်ပါတယ်။ ကျန်တဲ့လူတွေက ဘယ်ကိုပို့လဲ သေသလား၊ ရှင်သလားတော့မသိရသေးပါဘူး” ဟု အင်းစိန်အကျဉ်းထောင်နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၂၇ ရက်နေ့တွင် ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုပြည့်ဖြိုးဟ်ိန်း၊ ကိုအောင်မျိုးသူ၊ ကိုဂျာကြီး၊ ကိုမင်းဘုန်းမဟာ၊ ကိုပြည့်ဖြိုးအောင်၊ ကိုဇီလောင်း၊ ပဲခူးခရိုင် ဗကသ ဒုဥက္ကဌ ကိုခန့်လင်းနိုင်၊ ကိုဘိုဘိုဝင်း(ထန်းတောကြီး) အပါအဝင် နိုင်ငံရေးအကျဉ်းသား ၈ ဦးထက်မနည်းကို အကျဉ်း ထောင် ပြောင်းမည်ဟုဆိုပြီး အပြင်သို့ ခေါ်ထုတ်ကာ ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း၊ ယင်းနောက် ထောင်ကားမှောက်၍ ထွက်ပြေးသည်ဟုဆိုကာ စစ်တပ်က ပစ်ခတ်သတ်ဖြတ်လိုက်ပြီး သက်ဆိုင်ရာ မိသားစုများကို အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဒိုက်ဦးအကျဉ်းထောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article