25 C
Yangon

တီးတိန်မြို့နယ် သိုင်ငင်းကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ အထိနာ၊ စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်

Must read

တီးတိန်မြို့နယ် သိုင်ငင်းကျေးရွာရှိ စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ အထိနာ၊ စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၁၁

ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်ငင်းကျေးရွာရှိ စစ်တပ်စခန်းကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေပြီး စစ်တပ်ဘက်မှ အထိနာနေကာ စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲ ပစ်ခတ်နေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇူလိုင်လ ၁၀ ရက်နေ့ ညပိုင်းမှစတင်၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး သိုင်ငင်းကျေးရွာရှိ စစ်တပ်စခန်းကို ချင်းဒေသ ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သော PDF-Zoland & CDF CDM-Siyin အဖွဲ့တို့က တိုက်ခိုက်နေခြင်းဖြစ် ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားသဖြင့် တိုက်လေယာဉ် ၆ စင်းဖြင့် လာရောက်ပစ်ခတ်နေကြောင်း သိရှိရသည်။

” တော်တော်လေးတိုက်ပွဲပြင်းထန်နေတယ်။ Jet fighter ၆စင်းနဲ့ လာပစ်တာ။ ခုထိတိုက်ပွဲမပြီးသေးဘူး”ဟု ရှေ့တန်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်တပ်၏ သိုင်ငင်းကျေးရွာတွင်အခြေ စိုက်သည့် စခန်းမှာ တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာနေကြောင်း၊ စစ်ကောင်စီဘက်မှစစ်ကူအနေနှင့် တက်လာသည့် ကလေးမြို့ဘက်မှ ထွက်လာသည့် ကား ၅စီးမှာ တော်လှန်ရေးရဲဘော်များ၏ လမ်းတွင် ဟန့်တားမှုကြောင့် တက်မလာနိုင်ကြောင်း သိရှိရသည်။

“စစ်ကောင်စီတပ်ဘက်က တော်တော်လေး အထိနာနေခဲ့ပြီ။ စစ်တပ်ဘက်တချို့တွေ လက်နက်ချချင်ပေမယ့် ချလို့မရဘူးတဲ့။ တော်လှန်ရေးရဲဘော်တွေက စခန်းထဲကို တဖြည်းဖြည်း ဝင်နိုင်ခဲ့ပြီ။ တီးတိန်မြို့နယ် သိုင်ငင်းကျေးရွာမှာ အထိုင်ချတဲ့ စစ်ခွေး စခန်းပါ။ မနေ့ည ၁၁ နာရီ လောက်က စပြီး တိုက်ပွဲဖြစ်တာ။ ကလေးမြို့ ကနေလဲည်း လက်နက်ကြီးနဲ့ ပစ်တာများတော့ ပြောင်းက ကွဲလို့ ဒကစ ဘက်ကိုပြန် ရွှေ့တယ်လို့ သတင်းကြားထားတယ်။ခုထိ တိုက်ပွဲက မပြီးသေးပါဘူး”ဟု တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article