26 C
Yangon

လွိုင်ကော်မြို့အဝင်၌ စစ်တပ်ယာဥ်တန်း တိုက်ခိုက်ခံရပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး

Must read

လွိုင်ကော်မြို့အဝင်၌ စစ်တပ်ယာဥ်တန်း တိုက်ခိုက်ခံရပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၁

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့အဝင်အနီး၌ အ ကြမ်းဖက် စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း Karenni Generation Youth ထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၇ နာရီခွဲဝန်းကျင်ခန့်က လွိုင်ကော်မြို့ အဝင် တစ်နေရာ၌ အကြမ်းဖက် စစ်တပ်၏ စစ်ကား ၁၅ စီးပါ ယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ဖယ်ခုံ-မိုးဗြဲဘက်ကနေ လွိုင်ကော်ဘက် တက်လာတဲ့ယာဉ်တန်းပါ၊ အရင်က ရခိုင်မှာ ရှိတဲ့ စစ်ခွေး တွေဖြစ်ဖို့များတယ်၊ ကားပျက်စီးမှုတွေလည်းရှိသလို စစ်ခွေးတွေ သေဆုံးထိခိုက်လည်းရှိတယ်၊ အင်အား ၂၀၀ ဝန်းကျင်ရှိတယ်၊ စစ်ကားက တော့ ၅ စီးလောက်ထိခိုက်မှုရှိတယ်ပြောတယ်၊ အတည်တော့ မပြုနိုင်ဘူး၊ ဒါပေမယ့်သူတို့သွားတဲ့လမ်းနောက်မှာတော့ ကားကို ကျွတ်မပါပဲ မောင်းတော့ လမ်းပေါ်မှာ အရာတွေကျန်ခဲ့တာတွေ့တယ်၊ လွိုင်ကော် မရောက်ခင်အထိ လက်နက်ကြီးနဲ့ ပစ်သွားတာ တောက်လျှောက်ပဲ၊ တိုက်ပွဲက သိပ်မကြာလိုက်ဘူး၊ ကြားဖြတ်တိုက်ခိုက်ခဲ့သဘောပဲ၊ လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူတွေ ထိခိုက်သေဆုံးတာရှိတယ်” Karenni Generation Youth မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသောကြောင့် ကုန်းသာကျေးရွာ၊ နွားလဝိုးကျေးရွာနှင့် ကယန်းသာ ယာရွာများဘက်ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး အသက် ၁၇ နှစ်အရွယ် ကုန်းသာကျေး ရွာသားတစ်ဦး၊ နွားလဝိုးရွာသား တစ်ဦးသေဆုံးကာ ကယန်းသာယာကျေးရွာသားတစ်ဦးနှင့် ကုန်းသာရွာရှိ ပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် လွိုင်ကော် – မိုးဗြဲလမ်း၊ လွိုင်ကော်- ဆီဆိုင်လမ်းနှင် လွိုင်ကော် – ဖယ်ခုံလမ်း ပိုင်းများကို အသုံးပြု သွားလာခြင်းမပြုကြရန်နှင့် သွားလာပါက အထူးဂရုစိုက်သွားလာကြရန် Karenni Generation Youth အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article