27 C
Yangon

ဘီးလင်း၊ ဇုတ်သုတ်ရွာတွင် ဆေးပြန်လာကုသည့် ဗိုလ်မှူး ၁ ဦး၏ နေအိမ်ကို ပစ်ခတ် တိုက်ခိုက်

Must read

ဘီးလင်း၊ ဇုတ်သုတ်ရွာတွင် ဆေးပြန်လာကုသည့် ဗိုလ်မှူး ၁ ဦး၏ နေအိမ်ကို ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၁၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ရွာတွင် ဆေးပြန်လာကုသည့် ဗိုလ်မှူး ၁ ဦး၏ နေအိမ်ကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ဇူလိုင်လ ၉ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာမှ ကျန်းမာရေးမှူး ဦးငွေကြည်၏ သားဖြစ်သူ ဗိုလ်မှူး ၁ ဦးက နေအိမ်ကို ပြန်လာပြီး ဆေးကြိတ်ကုနေသည်ဟု သတင်းရရှိသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲခြင်း မရှိသောကြောင့် သေနတ်ဖြင့် ၅ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ဇုတ်သုတ်ကျေးရွာက ဦးငွေကြည်ရဲ့သား ဗိုလ်မှူး ၁ ကောင်က သူ့ အဖေအိမ်မှာ ပြန်လာပြီး ဆေးကြိတ်ကုနေတယ်သတင်းရလို့ သွားလုပ်ကြတာ အဲကောင်က ကံကောင်းပြီး ဗုံးကမကွဲလို့ အိမ်ထဲသေနတ်နဲ့ငါးချက်ပစ်ပြီး ပြန်လာကြတယ်” ဟု တော်လှန်ရေး ရဲဘော် တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article