Khit Thit သတင်းဌာန၏ ဇူလိုင် ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၁၂ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကချင်ပြည်နယ်၊ဗန်းမော်မြို့မှ နမ့်ဆန်ယာန်ကျေးရွာဘက်ကို စစ်ကြောင်း ထိုးလာတဲ့ အကြမ်းဖက်စစ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား ၂ စီးချောက်ထဲထိုးကျကာ စစ်သားအများ အပြား သေဆုံးခဲ့တယ်လို့ KIA တပ်ဖွဲ့နှင့် နီးစပ်သူသတင်းရင်းမြစ်ဆီက သိရပါတယ်။
-အကြမ်းဖက်စစ်ကောင်စီရဲ့ ဌာနချုပ်ဖြစ်တဲ့ နေပြည်တော်ကို တန်ပြန် ထိုးစစ်ဆင်နိုင်ရန် အတွက် စစ်ဆင်ရေးတွေ ပြင် ဆင်နေပြီး ပြည်သူတွေအနေနဲ့ ကရင်နီအိပ်မက် တစ်ခုဖြစ်တဲ့ “မောင်းပြန် အလက် ၁၀၀ စီမံချက်”မှာ ပါဝင်ကူညီ ထောက်ပံ့ကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဥက္ကဌ ခွန်းဘီထူးက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။
– အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် မတန်တရာ ပိုင်ဆိုင်ရယူထားတဲ့ ရန်ကုန်မြို့ က ၁၄/အင်းလျား မြေနဲ့ ၆မိုင်ခွဲ အိမ်နဲ့မြေရယ်ကို အာဏာရှင်အဆုံးသတ်နိဂုံး (The End of Dictatorship- EOD) အစီအစဉ်အနေနဲ့ ရောင်းချနေရာ ၆မိုင်ခွဲအိမ်နဲ့မြေမှာ အမေရိကန်ဒေါ်လာ ၃ သန်းဖိုး ကျန်ရှိနေ သေးတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။