27 C
Yangon

မုံရွာမြို့ရှိ နမခ ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး စစ်ဗိုလ်အဆင့်ရှိသူ အပါအဝင် ၉ ဦး ဒဏ်ရာရ

Must read

မုံရွာမြို့ရှိ နမခ ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး စစ်ဗိုလ်အဆင့်ရှိသူ အပါအဝင် ၉ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၁၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တပ်အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး စစ်ဗိုလ်အဆင့်ရှိသူ အပါအဝင် ၉ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- မုံရွာမြို့နယ်မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အဆိုပါအကြမ်းဖက်စစ်တပ်ဌာနချုပ်စခန်းအား မုံရွာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ၁၀၇ မမ ရှော့တိုက်ဒုံးတစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၅ ရက် နံနက် ၄ နာရီ ၁၇ မိနစ်ခန့်က ယင်းအကြမ်းဖက်စစ်တပ်ဌာနချုပ်အတွင်း သို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗဟိုကင်းကို ထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးကာ ဗိုလ်အဆင့်ရှိသူတစ်ဦးအပါအဝင် ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖ နှင့် မုံရွာခရိုင် တပ်ရင်း ၅ တို့ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article