ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းတွင် စစ်ကား ၁ စီးနှင့် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၁၂
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် အကြမ်းဖက်စစ်တပ် ၁၂ ဘီး ကား တစ်စီးကို မိုင်းဆွဲပြီး ကင်းပုန်းစစ်ားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း Burma Rangers (Shwebo) တပ်ဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၈ ရက် နံနက် ၉ နာရီခန့်က ကျောက်မြောင်းမြို့ဘက်မှ ရွှေဘိုမြို့ဘက်သို့ ထွက်လာသော အ ကြမ်းဖက်စစ်သားများလိုက်ပါလာသည့် ရှေ့ပြေး ၁၂ ဘီးကား တစ်စီးကို တအုံကျေးရွာအရှေ့ဘက် အ ရောက် မိုင်း ၆ လုံး ပွိုင့် ၃ ခုဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် နေ့လည် ၁ နာရီ ဝန်းကျင်၌ ၎င်းအကြမ်းဖက်စစ်ကားကို လုံခြုံရေးယူပေးသော ကင်းပုန်းစစ်သား ၄ ဦးကို လက်နက်ငယ်များဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုင်းဆွဲခံရသော အကြမ်းဖက်စစ်ကားပေါ်ပါ စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး ရွှေဘို တက္ကသိုလ် ဂိတ်ပေါက်အရောက် အခြားကားတစ်စီးဖြင့် ထိခိုက်သေဆုံးဒဏ်ရာရ စစ်သားများကို တင်ဆောင်သွား ပြီး အရေအတွက် အတိအကျမသိရသေးဟု ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို X Force – LPDF(Shwebo) ၊ ရွှေဘိုမြို့နယ် ပကဖ(PDO)ရွှေတောသားအဖွဲ့ ၊ ရွှေဘိုဓူဝံ (PLA) နှင့် Burma Rangers(ShweBo)တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။