25 C
Yangon

လိုင်ဇာမြို့အနီး စစ်တပ်၏ ရိက္ခာနှင့် လက်နက်များ သယ်ဆောင်လာသော စစ်ကြောင်းကို KIA က ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

Must read

လိုင်ဇာမြို့အနီး စစ်တပ်၏ ရိက္ခာနှင့် လက်နက်များ သယ်ဆောင်လာသော စစ်ကြောင်းကို KIA က ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

ရန်ကုန်၊ ဇူလိုင် ၁၂

ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ KIA ဌာနချုပ်အနီး အကြမ်းဖက် စစ်တပ်၏ ရိက္ခာနှင့် လက်နက်များ သယ်ဆောင်လာသော စစ်ကြောင်းကို KIA က ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း KIA သတင်းရင်းမြစ်များထံမှ သိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၃၁၈ ၊ ခမရ ၃၈၅ ပူး​ပေါင်းတပ်ရင်း တပ်ဖွဲ့မှ အင်အား ၂၀၀ ကျော် စစ်ကြောင်းသည် KIA ဌာနချုပ် လိုင်ဇာမြို့ အနီး နမ့်ဆန်ယာန်​ကျေးရွာဘက်ကို စစ်ကူ​ပေးရန် ရိက္ခာများ၊ လက်နက် ခဲယမ်းများ သယ်ဆောင်လာစဥ် ဂျာပူ​ကျေးရွာနှင့် ကန်ဇူး​ကျေး ရွာကြားတစ်​နေရာ၌ KIA တပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်​ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်​သေဆုံးမှု များ​ပြားပြီး ထိခိုက်​ သေဆုံးသူများကို ထော်လာဂျီ၊ Four Wheel ကားများဖြင့် မိုးကာများအုပ်ကာ ဝိုင်းမော်မြို့ဘက်သို့ သယ်​ဆောင်သွားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article