31 C
Yangon

မြိုင်မြို့နယ်တွင် စစ်တပ်ဂိတ်က ကား ၁ စီးကို ဝိုင်းဝန်း ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ နာရေးကားကို လုံခြုံရေး ယူပေးသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်

Must read

မြိုင်မြို့နယ်တွင် စစ်တပ်ဂိတ်က ကား ၁ စီးကို ဝိုင်းဝန်း ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ နာရေးကားကို လုံခြုံရေး ယူပေးသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၁၂

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့အနောက်ဘက်ရှိ ကားလမ်း ပေါ်တွင် တပ်စွဲ ထားသော ကိုးဆောင်ဂိတ်ရှိ အကြမ်းဖက် စစ်သားများက ကား ၁ စီးကို ဝိုင်းဝန်း ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၁၁ ရက် ညနေ ၆ နာရီ မိနစ် ၄၀ ခန့်က မြိုင်မြို့အနောက်ဘက် ကားလမ်းမပေါ်သို့ လမ်းမှားပြီး ရောက်ရှိလာသော မော်တော်ယာဉ် ၁ စီးကို အကြမ်းဖက် စစ်တပ်၏ ကိုးဆောင်ဂိတ်ရှိ စစ်သား၊ ရဲ၊ ပျူစောထီးများမှ ဝိုင်းဝန်းပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသွားသော ပြည်သူ ၂ ဦး၏ ရုပ်အလောင်းကို အကြမ်းဖက် စစ်တပ်က သယ်ဆောင်ရန် မြိုင်မြို့အတွင်းမှ နာရေးကူညီမှုအသင်း ကားကို အသုံးပြုပြီး အကြမ်းဖက် စစ်သား၊ ရဲ၊ ပျူစောထီးများ ခြံရံကာ လာရောက် သယ်ဆောင်စဥ် မြိုင်မြို့နယ်ပကဖ တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ ရာ အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့်ဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်သား ၁ ဦး၊ ရဲ ၁ ဦး ကျည်ထိ မှန်ကာ သုံးဘီးဆိုင်ကယ်ဖြင့် မြိုင်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း၊ သေဆုံးမှုရှိ၊ မရှိကို အတည် မပြု နိုင်သေးကြောင်း မြိုင်ပကဖ မှ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်သားများကို မြိုင် ပကဖ တပ်ရင်း ၁ ၊ တပ်ခွဲ ၃၊ တပ်ခွဲ ၄ ရှိ တပ်စိတ်များမှ ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article