22 C
Yangon

အမေရိကန်သို့ ရောက်ရှိနေသည့် NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကယ်လီဖိုးနီးယားရောက် မြန်မာမိသားစုများနှင့်တွေ့ဆုံ

Must read

အမေရိကန်သို့ ရောက်ရှိနေသည့် NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကယ်လီဖိုးနီးယားရောက် မြန်မာမိသားစုများနှင့်တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၁၃

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်း စာနာထောက်ထား ရေးနှင့် ဘေးအန္တ ရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် အမေရိကန်ပြည်ထောင်စု သို့ ရောက်ရှိနေပြီး ဇူလိူင်လ ၁၁ ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်မှ မြန်မာမိသားစု များ နှင့် ရင်းရင်း နှီးနှီးတွေဆုံဆွေးနွေးကြကြောင်း သိရှိရသည်။

Free Burma Action Committee- Sacramento၏ ဦးဆောင်မှုဖြင့် ကျင်းပသော တွေ့ဆုံပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ” တော်လှန်ရေးသည်ပြည်သူ့တော်လှန်ရေးဖြစ်ပြီး၊ ပြည်သူကိုအကာအကွယ်ပေးခြင်းနှင့်ထောက်ပံ့ကူညီခြင်းကို မဖြစ်မနေဆောင်ရွက်ပေးရန်မှာ ပြည်သူ့အစိုးရနှင့်ပြည်သူတို့၏တာဝန်ဖြစ်ကြောင်း၊ သို့မှသာပြည်သူများကတော်လှန်ရေးတွင်အပြည့်အဝပါဝင်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ထောက်ပံ့နိုင်ရန် MOPFI နှင့် MOHADM တို့ပူးပေါင်းဆောင်ရွက်နေသည့် စစ်အာဏာရှင်ကျဆုံးရေးနှင့် အညာမြေကူညီရေး Campaign များတွင် အားထည့်ကူညီကြရန်” တိုက်တွန်းပြောဆိုသည်။

မြန်မာမိသားစု များက မြန်မာပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေး ဒုက္ခရောက်နေသူများကို ကူညီနိုင်ရန် အမေရိကန်ဒေါ်လာ ၁၀၆၀၀ နှင့်အတူ ရွှေငွေလက်ဝတ်ရတနာများ လှူဒါန်းကြကြောင်း ၊ ယင်းအလှူပစ္စည်းများကို ပြည်တွင်း တွင် စစ်ဘေးရှောင်ပြည်သူများထံ တိုက်ရိုက်ရောက်ရှိရေး အတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကယ်လီဖိုးနီးယားပြည်နယ်ရှိ မြို့ကြီးများဖြစ်သည့် လော့အိန်ဂျလိစ် မြို့သို့ ဇူလိူင်လ ၁၄ ရက်နေ့တွင်လည်းကောင်း၊ ဆန်ဖရန်စ္စကိုမြို့သို့ ဇူလိူင်လ ၁၆ ရက်နေ့တွင် လည်ကောင်း သွား ရောက် ပြီး မြန်မာမိသားစုများ၊ သက်ဆိုင်ရာ အမေရိကန်အစိုးရ တာဝန်ရှိသူများ နှင့်ဆက်လက်တွေ့ဆုံမည် ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article