မြင်းမူမြို့နယ်၊ ခွက်ခွင်းကျေးရွာထိပ် ဇရပ်အနီးတွင် ယနေ့ နံနက်အစောပိုင်း တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးမှု များပြား
ရန်ကုန်၊ ဇူလိုင် ၁၃
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ခွက်ခွင်းကျေးရွာထိပ်ရှိ ဇရပ်အနီး ယနေ့ နံနက်အစောပိုင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး တိုက် ပွဲပြင်းထန်ခဲ့ရာ အကြမ်း ဖက်စစ်သား ၃၀ ခန့် မျက်မြင်သေဆုံးသွားကြောင်း ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ် ရင်း) မှ ဒုတပ်ရင်းမှူးဆရာလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယနေ့ ဇူလိုင်လ ၁၃ ရက် နံနက် ၄ နာရီခွဲခန့်က မြင်းမူမြို့နယ်၊ အတွင်းလှည့် ပတ် မီးရှို့ နေသော အ ကြမ်းဖက်စစ်ကြောင်းကို ငကင်းကျေးရွာ အရှေ့ဘက်ရှိ ခွက်ခွင်းကျေးရွာ အရပ်အနီးမှ ကင်းပုန်းဝပ် သတ်ကွင်းပြင်ပြီး စောင့်နေစဉ် အင်အားအများအပြားဖြင့် ဝင်ရောက်လာသဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၃၀ ခန့်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ် ကြောင်းမှာ ခွက်ခွင်းကျေးရွာအတွင်း၌ တပ်စွဲထားပြီး နမခ တပ် အတွင်းမှ ရဟတ်ယာဉ်ဖြင့် အင်အား ထပ်ဖြည့်နိုင်ရန် ကြိုးစားနေကြောင်း သိရသည်။
“မျက်မြင်တွေ ခွေးအကောင် ၃၀ လောက်ကျတယ်၊ အလက်ကောက်ချိန်မရဘူး၊ သူတို့က ရွာတွေ ရွာ တွေကို မီးရှို့နေတာ၊ ရွာ ၄ ရွာကို မီးရှို့သွားတယ်၊ ငကင်းရွာကို မီးရှို့ပြီးကတည်းက ပြန်ထွက်မယ့် အချိန် ကို ကင်းပုန်းဝပ်၊ သတ်ကွင်းပြင်ပြီး စောင့်နေတာ၊ ညတွေရော၊ နေ့တွေရောပဲ၊ ဒီနေ့မနက်ခင်းမှာပဲ ထိပ် တိုက်ဖြစ်တွေ့ပြီး တိုက်ပွဲဖြစ်တာ၊ အနည်းဆုံးမျက်မြင်ပဲ ၃၀ လောက်ကျတယ်၊ တိုက် ပွဲ က အနီးကပ် တိုက် ပွဲဖြစ်သွားတာဆိုတော့ သဲသဲမဲမဲကို ဆော်ခဲ့ရတာ၊” ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ် ရင်း) မှ ဒုတပ်ရင်းမှူးဆရာလေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ကျောက်ဆည်ခရိုင်တပ်ရင်း ၁ နဂါးနီတပ်ရင်း၊ မြင်းခြံခရိုင်တပ်ရင်း ၇ (Zero ပြောက်ကျားတပ်ဖွဲ့)၊ ရွှေ ဘိုခရိုင်တပ်ရင်း ၁၉ ၊ ရွှေဘိုခရိုင်တပ်ရင်း ၁၅ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်ကြောင်းသည် ဇူလိုင်လ ၇ ရက်နေ့မှ စတင်၍ မြင်းမူမြို့ နယ်၊ ဂုံညင်းဆိပ်ကျေးရွာ ကိုမီးရှို့ခဲ့ကြောင်း၊ ထို့နောက် ငကင်း၊ ညောင်ပင်၊ မလဲ သာ၊ ကန်ရင်း စသည့် ကျေးရွာများကို ဆက်တိုက် မီးရှို့ခဲ့ကြောင်း၊ စစ် ကြောင်း စတင်ထွက်ခွာလာချိန်တွင် အင်အား ၁၀၀ ကျော်ဖြင့် ထွက်ခွာလာပြီး မြင်း မူမြို့နယ်အနီးတဝိုက်သို့ ပို့ဆောင်ထားသည့် စစ်သားများကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ၏ ပြောက် ကျားတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တို့ကြောင့် သေဆုံးသွားသော စစ် သားများနေရာတွင် အစားထိုး အင်အားဖြည့်ကာ လှည့်ပတ်မီးရှို့နေခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။