ကလေးမြို့ပေါ်တွင် မူးယစ်ဆေးဝါး ရောင်းချသူ ၁ ဦးကို ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီး
ရန်ကုန်၊ ဇူလိုင် ၁၃
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် မူးယစ်ဆေးဝါး ရောင်းချသူ ၁ ဦးကို ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း NUG အစိုးရ၏ စစ်ကိုင်းတိုင်း ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၁၂ ရက်နေ့တွင် ကလေးမြို့၊ တာဟန်းရပ်ကွက်နှင့် တောင်ဖီလာရပ်ကွက်များ အတွင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဥ် လမ်းဘေး၌ ရပ်တန့်ထားသည့် ဆိုင်ကယ်ပေါ်၌ ထိုင်နေသည့် အမျိုးသား ၁ ဦးကို မသင်္ကာသဖြင့် စစ်ဆေးရာ ၎င်းဆိုင်ကယ်အရှေ့ ခွကြားပေါ်ရှိ ပလတ်စတစ်အိတ် အမည်း ဖြင့် ထုတ်ထားသော MAMEE ဖာအတွင်းမှ မူးယစ်ဆေးဝါးဟု ယူဆရသည့် အဝါရောင်ဖောက်မှု့န် ဆပ် ပြာခွက်၂၁ ခွက်၊ အလေးချိန် ၂၁၀ ဂရမ်ခန့်၊ ကာလတန်ဖိုး ၈၄ သိန်းကျပ်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ရောင်းချရာတွင် အသုံးပြုသည့် Redmi အမျိုးအစား ခဲရောင်ဖုန်း ၁ လုံး၊ CIRCULAR အ မျိုးအစား အနက်ရောင်ဆိုင်ကယ် ၁ စီးတို့ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးမှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်းခေါင်းဆောင် ဦးဆောင်သော တပ် ဖွဲ့ဝင်များ၊ PDF Kalayတပ်ရင်း ၅)မှ တပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေး ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ဝင် များ ပါ ဝင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရရှိသော ပစ္စည်းများကို ဥပဒေနှင့်အညီ သိမ်းဆည်းကာ အရေးယူဆောင်ရွက်ထားရှိပြီး အမှုနှင့် ပတ်သက်သည့် ကျန်ရှိကွင်းဆက် တရားခံအား ဖမ်းဆီးရမိရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
အဆိုပါ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပူးပေါင်းဖမ်းဆီးရေးအဖွဲ့အား ကလေးမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဆုကြေးငွေ ၆ သိန်းကျပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးများကို သတိထား၍ ရှောင်ကြဉ်ကြပါရန်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများအား ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ရဲတပ် ဖွဲ့ဌာန၊E-Police Station MOHAI-NUG၊ မြို့နယ်များရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့ရဲတပ် ဖွဲ့များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ Facebook Page များသို့ ဆက်သွယ်၍ တိုင်ကြား သတင်းပေးပို့နိုင်ကြောင်း ထုတ်ပြန်ထားသည်။