25 C
Yangon

ဝက်လက်မြို့နယ်၊ သုံးဆင့်ကန်ရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီး

Must read

ဝက်လက်မြို့နယ်၊ သုံးဆင့်ကန်ရွာမှ ပြည်သူ ၁ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၁၃

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သုံးဆင့်ကန်ရွာမှ ပြည်သူ ၁ ဦးကို အကြမ်းဖက် စစ်တပ်က မီးရှို့ သတ်ဖြတ်ပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဝက်လက်မြို့နယ် လူထု သပိတ်တိုက်ပွဲ ကော်မတီထံမှ သိရသည်။

ဇူလိုင်လ ၁၃ ရက်နေ့ နံနက်အစောပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက သုံးဆင့်ကန်ရွာကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး အသက် ၆၀ အရွယ် အမျိုးသား ၁ ဦးကို မီးရှို့သတ်ဖြတ်ကာ ပြည်သူပိုင် နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် သုံးဆင့်ကန်ကျေးရွာမှ ပြည်သူများသည် အရေးပေါ် စားနိပ်ရိက္ခာနှင့် အမိုးအကားများ လိုအပ်လျက်ရှိ​​​​​ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သုံးဆင့်ကန်ကျေးရွာမှ ပေါက်ကန်ရွာနှင့် ဘူတာဘက်ကို ရောက်ရှိနေ​ကာ ဒေသပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article