Khit Thit သတင်းဌာန၏ ဇူလိုင် ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၁၃ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-တနင်္သာရီတိုင်း ၊ ထားယ်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦးလိုက်ပါလာတဲ့ စစ်ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကားဟာ လမ်းဘေးကို ထိုးကျ တိမ်းမှောက်သွားတဲ့အပြင် ၊ အကြမ်းဖက် စစ်ကောင်စီတပ်က အရာခံဗိုလ် အပါအဝင် ၃ ဦး သေသွား တယ်လို့ Dawei Guerrilla Revolution- nary Force – DGRF ကနေ သတင်းထုတ် ပြန်ထားပါတယ်။
– စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ခွက်ခွင်းကျေးရွာထိပ်မှာ ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့ မနက် အစောပိုင်း မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ အကြမ်းဖက်စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များသွား တယ်လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၁ (နဂါးနီတပ် ရင်း) ရဲ့ ဒုတပ်ရင်းမှူး-ဆရာလေး ဆိုသူက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။
-ပခုက္ကူ-မြို့နယ်၊ ဖလံအိုစံပြကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင် နေအိမ် ၃၀ ကျော် မီးလောင်ပြာကျခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။