ရွှေဘိုမြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်တပ် စစ်ကြောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၁၃
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Joker SBDF ပကဖအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၈ ရက်နေ့တွင် နံနက် ၅ နာရီ ၃၀ မိနစ်တွင် ရွှေဘိုမြို့နယ်၊ ကော့ရွာမှ ထွက်လာသည့် စစ်သားနှင့် ပျူစောထီးများ ပါဝင်သော စစ်ကြောင်းကို ဒေသတော်လှန်ရေး တပ်ဖွဲ့က ရှော့တိုက်ဒုံးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
“စစ်ခွေးတွေ ဘိုးတော်တောကျေးရွာဘက်ကို ဦးတည်နေတုန်း ရှော့ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်” ဟု Joker SBDF ပကဖအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာ တိုက်နယ် ၆ အတွင်းရှိ ပကဖ များနှင့် Joker SBD Fပကဖအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၈ ရက်နေ့တွင် ဘိုးတော်တောကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်စီးခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့တွင် သာယာအေးကျေးရွာကို ဆက်လက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။