24 C
Yangon

သိမ်ဇရပ်ရဲစခန်းမှ ဒုရဲအုပ် မျိုးသီဟက အုပ်ချုပ်ရေးမှူး၏ သမီးမိသားစု အပါအဝင် လူ ၅ ဦးကို အရက်မူးပြီး ကားဖြင့်တိုက်ကာ သေနတ်ဖောက် ခြိမ်းခြောက်

Must read

သိမ်ဇရပ်ရဲစခန်းမှ ဒုရဲအုပ် မျိုးသီဟက အုပ်ချုပ်ရေးမှူး၏ သမီးမိသားစု အပါအဝင် လူ ၅ ဦးကို အရက်မူးပြီး ကားဖြင့်တိုက်ကာ သေနတ်ဖောက် ခြိမ်းခြောက်

ရန်ကုန်၊ ဇူလိုင် ၁၃

မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ၊သိမ်ဇရပ်မြို့ ၊ သိမ်ဇရပ် ရဲစခန်းမှ ဒုရဲအုပ် မျိုးသီဟသည် ဇူလိုင် ၁၂ ရက်နေ့တွင် အရက်မူး၍ ကားမောင်းရာ စစ်တောင်း တံတား အဟောင်းထိပ်တွင် ဆိုင်ကယ်စီးလာသည့် မိသားစု ၃ ဦးကို တိုက်မိခဲ့ ပြီးနောက် သေနတ်ဖောက် ရမ်းကား၍ ထွက်ခွာသွားကြောင်း ဒေသပြည်သူများ ထံမှ သိရှိရသည်။

ဒုရဲအုပ်မျိုးသီဟ၏ ကားဖြင့် တိုက်မိသည့် မိသားစု ၃ ဦးမှာ အမှတ် (၃) ရပ် ကွက် အုပ်ချုပ်ရေးမှူး သန်းဝင်း၏ သမီး၊ သမက် နှင့် ကလေးတို့ဖြစ်ပြီး ကား ဖြင့် တိုက်မိပြီးချိန်တွင် အုပ်ချုပ်ရေးမှူး သန်းဝင်းရောက်လ်ကြောင်း၊ ဒုရဲအုပ် မျိုးသီဟနှင့် အပြန်အလှန်စကားများခဲ့ပြီး ဒုရဲအုပ်မျိုးသီဟက သေနတ် ပစ်ဖောက်ရမ်းကားခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ဒုရဲအုပ်မျိုးသီဟသည် ပထမအခင်းဖြစ်ရာမှ ထွက်လာပြီး သာယာ ကုန်း လမ်းတစ်နေရာတွင်လည်း ဆိုင်ကယ် စီးနင်းလာသော အမျိုးသမီး ၂ ဦးကို ထပ်မံကားဖြင့် တိုက်ပြီး မောင်းပြေးသွားခဲ့ကြောင်း၊ ကားဖြင့် အတိုက်ခံ ရသော အမျိုးသမီ ၂ ဦးမှာ သိမ်ဇရပ်ဆေးရုံ တင်ထားရကြောင်း ဒေသပြည် သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

“ဆိုင်ကယ်တွေက တော်တော်ပျက်စီးသွားတယ်။ လူကတော့ တံတားထိပ်က အုပ်ချုပ်ရေးမှူးမိသားစုကတော့ ပွန်းပဲ့ဒဏ်ရာရကုန်တယ်။ ကလေးလည်း ပါးမှာ ဒဏ်ရာရတယ် ။ သိမ်ဇရပ်ဆေးရုံမှာပါ”ဟု ဒေသပြည်သူက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒုရဲအုပ်မျိုးသီဟသည် အရက်မူး ကားဖြင့် ရမ်းကား တိုက်ခဲ့ပြီးနောက် ရဲစခန်း အတွင်းသို့ မောင်းပြေးသွားခဲ့ကြောင်း၊ သိမ်ဇရပ် ရဲစခန်းသို့ ရောက်ချိန်တွင် လည်း ထပ်မံ၍ သေနတ်ပစ်ဖောက်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အရက်သောက် မူးယစ်ရမ်းကားလေ့ရှိသည့် ဒုရဲအုပ် မျိုးသီဟသည် သိမ်ဇရပ် မြို့၊ အမှတ် ၁ ရပ်ကွက် ရွာလေးရပ်ကွက်တွင် နေထိုင်သော အသက်မပြည့် သေးသည့် ကျောင်းသား ၂ ဦးကိုလည်း PDF ဟု စွပ်စွဲကာ ပါးရိုက် ထိုးကြိတ် နှိပ်စက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article