35 C
Yangon

ယင်းမာပင်၊ ဘန့်ဘွေးရွာရှိ ပျူစောထီးစခန်းကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ယင်းမာပင်၊ ဘန့်ဘွေးရွာရှိ ပျူစောထီးစခန်းကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၁၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာရှိ ပျူစောထီးစခန်းကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယနေ့ ဇူလိုင် ၁၃ ရက် မွန်းလွဲ ၁ နာရီခန့် တွင် အကြမ်းဖက်စစ်သား၊ ပျူစောထီး အင်အား ၁၅၀ ခန့်ဖြင့် တပ်စွဲထားသော ဘန့်ဘွေးရွာမ ပျူစောထီးစခန်းကို Shar Htoo Waw Dron နည်းပညာ (မောင်းသူမဲ့ လေယာဉ်)ငယ်များကို အသုံးပြုပီး 1 Kg ဗုံးသီး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ဗိုလ်နေသော အိမ်ပေါ်သို့ ဗုံးသီး ၂ လုံး၊ ဘုန်းကြီးကျောင်းရှေ့ရှိ ဘန်ကာပေါ်သို့ ဗုံးသီး ၂ လုံး၊ ကားလမ်းဘေးရှိ ဘန် ကာ ပေါ်သို့ ဗုံးသီး ၂ လုံးစုစုပေါင်း ဗုံးသီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပျူရွာထဲဆိုတော့ သေဆုံးထိခိုက်မှုက မသိရသေးပါဘူး၊ ဗုံးကျဲပြီးတော့ စစ်ခွေးတွေ ကင်းလှည့်သဘော မျိုးနဲ့ ရွာရဲ့မြောက်ဘက်နဲ့ အနောက်ဘက်ကို ထွက်လာတယ်၊ ဗုံးကျဲလို့ ထွက်လာတာ၊ တိုက်ပွဲကတော့ မဖြစ်သေးဘူး၊ ဖြစ်လာမလားတော့ မသိသေးဘူးဗျ၊ ဒရုန်းပျက်ကျတာက Jummper မိလို့တယ်၊ ဗုံးသီးချပြီးတော့ ပျက်ကျသွားတာ” ဟု ကျောက် လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ ( KLG PDF ကျောက် လုံးကြီး)အဖွဲ့၊ ဗျတ္တညီနောင်၊ ချင်းတွင်းတိုက်ဂါး CTPDF၊ B2 Fighter နှင့် Bank Two အဖွဲ့တို ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သိန်း ၂၀ ဝန်းကျင်တန်ဖိုးရှိ မောင်းသူမဲ့လေယာဉ် ငယ်တစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်သားများကို အမြစ်ပြတ်ရှင်းလင်းတိုက်ခိုက်နိုင်ရန် ပြည်သူများအနေဖြင့် ဝိုင်းဝန်း ထောက်ပံ့ကူညီပေးကြပါရန် ကျောက်လုံးကြီး KLG တပ်မဟာတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article