35 C
Yangon

တီးတိန်မြို့နယ်၊ သိုင်းငင်ရွာရှိ စစ်တပ် ကင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၁၅ ဦးသေဆုံးကာ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

Must read

တီးတိန်မြို့နယ်၊ သိုင်းငင်ရွာရှိ စစ်တပ် ကင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၁၅ ဦးသေဆုံးကာ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ ဇူလိုင် ၁၃

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်ရွာရှိ အကြမ်းဖက် စစ်တပ်၏ ကင်းစခန်းကို ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် တီးတိန်မြို့နယ်၊ သိုင်းငင် စစ်တပ်ကင်းစခန်းကို ချင်း ဒေသကာကွယ်ရေး တပ်ပေါင်းစုက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စခန်းကို သိမ်းပိုက် စီးနင်းနိုင်ခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်ပွားချိန် ၇ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၁၅ ဦး သေဆုံးကာ လက်နက်၊ ခဲယမ်းများပါ သိမ်းဆည်း ရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ချင်းကာကွယ်ရေး တပ်ပေါင်းစုမှ ရဲဘော် ၄ ဦးကျဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို CDF CDM SIYIN၊ PDF Zoland + B5 ME၊ CNDF၊ TCDF၊ KKG B7၊ PDA နှင့် PDF Kalay, S2 အဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲအတွင်း ကလေးမြို့တွင်းမှ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ၇ ကြိမ် ပစ်ကူပေးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့ပြီး ချင်းကာကွယ်ရေးတပ်ပေါင်းစုမှ ရဲဘော်များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article