29 C
Yangon

ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအနီး ဇွန်လအတွင်း တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ပြီး စစ်သား ၁၉ ဦး သေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံး

Must read

ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအနီး ဇွန်လအတွင်း တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ပြီး စစ်သား ၁၉ ဦး သေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဇူလိုင် ၁၄

ရှမ်းပြည်နယ်၊တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအနီး၌ ဇွန်လ အတွင်း တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၉ ဦးသေဆုံးကာ ဖယ်ခုံ PDF မှ ရဲဘော်တစ်ဦး ကျ ဆုံးခဲ့ရကြောင်း Karenni Revolution Union (KRU) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာ၊ စက်တော်ကျေးရွာအနီးသို့ စစ် ကြောင်းထိုးဝင်ရောက်လာပြီး တပ်စွဲထားသော ခလရ ၂၄၈ တပ်ရင်းတပ်ဖွဲ့များနှင့် ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၉ ဦးသေဆုံး သည်ကို အတိအကျစာရင်း ရရှိပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ MG 3 ငါးကြင်းမြီး ၁ လက်၊ MA 3 ၁ လက်၊ တင့်ဖျက်မှိုင်း နှင့် ကျည် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲကတော အခုဇူလိုင်ထဲမှာ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲ၊ စစ်ခွေးတွေကလည်းရှိနေသေးတယ်၊ အဲဒီ ဘက်မှာက ပြည်သူတွေမရှိတာကြာပြီ၊ ကျနော်တို့ တပ်ဖွဲ့တွေကမှာက အရေးပေါ်လိုအပ်နေတာက ၁၆ ကျည်၊ အေကေကျည်၊ ၇၉ ကျည်၊ နောက်ပြီးတော့ ၆၀ မမနဲ့ RPG ကျည်တွေလိုအပ်တာပေါ့၊ မိဘ ပြည် သူတွေအနေနဲ့ ကျနော်တို့ KRU Page မှာလာရောက်ပြီး တိုက်ရိုက်ဆက်သွယ်ကူညီ ပေးပါအုံး လို့ မေတ္တာရပ်ခံချင်ပါတယ်”ဟု Karenni Revolution Union (KRU) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ် သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

အဆိုပါ အကြမ်းဖက်စစ်သားများကို PK PDF ၊ KRU ၊ SSDF (ရှမ်းတောင် ဒရုန်းတပ်ဖွဲ့)၊ LK PDF နှင့် ရှမ်းတောင် တပ်ပေါင်းစု အဖွဲ့ [1003, 1005, 1008, 1009 – IPDF, SSLRU, NPT (ပ က ဖ)] စသည့် ညီအစ်ကိုတပ်ရင်းများပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးယင်းတိုက်ပွဲများအတွင်းသို့ ဖယ်ခုံ မြို့ရှိ အကြမ်း ဖက်စစ်တပ်က လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း သိရသည်။

KRU တပ်ဖွဲ့မှ ရဲဘော်တစ်ဦး တိုင်းပြည်နှင့်လူမျိုးအတွက် ကျဆုံးခဲ့ရပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article