ယင်းမာပင်မြောက်ခြမ်းသပိတ်အင်အားစုက ဘုံရန်သူတူရင် မဟာမိတ်ပဲ ဆိုသည့် ကြွေးကြော်သံဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇူလိုင် ၁၅
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်းသပိတ်အင်အားစုက ဘုံရန်သူတူရင် မဟာမိတ်ပဲ ဆိုသည့် ကြွေးကြော်သံဖြင့် ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြကြသည်။
စစ်တပ်၏ စစ်ကြောင်းထိုးမှုများကြောင့် နယ်မြေဒေသ မတည်ငြိမ်သည့် အကြားမှ ယင်းမာပင်မြောက်ခြမ်း သပိတ်အင်အားစုက နေ့စဉ်မပျက် ရဲရဲဝံ့ဝံ့ ဆန္ဒ ထုတ်ဖော်နေခြင်းဖြစ်ပြီး ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစု က အင်အားအပြည့်ဖြင့် စစ်အာဏာရှင် ကျဆုံးရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် ယနေ့ နံနက်ခင်းတွင်ချီတက် ဆန္ဒထုတ်ဖော် ခဲ့ ကြခြင်းဖြစ်ကြောင်း သိရှိရသည်။


