28 C
Yangon

မုံရွာမြို့တွင် စစ်တပ်၏ လှည့်ကင်းကားကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး သေဆုံး

Must read

မုံရွာမြို့တွင် စစ်တပ်၏ လှည့်ကင်းကားကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက် စစ်တပ်၏ လှည့်ကင်းကားကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၂၂ နတ်ဆိုးတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၄ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် မုံရွာမြို့စက်မှုဇုံ အေးရိပ်သာလမ်း၌ ကားမီးပိတ်ပြီး ကင်းပတ်နေသည့် စစ်သားများ လိုက်လာသော Alphard ကားကို အေးရိပ်သာလမ်းနှင့် သီရိမင်္ဂလာ လမ်းဆုံအရောက်၌ ကာကွယ်ရေး တပ်ဖွဲ့က အနီးကပ် ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများလည်း ရှိကြောင်းသိရသည်။

“လက်နက်တွေ သိမ်းဆည်း မိတာတော့မရှိဘူးဗျ စစ်ခွေးတွေရဲ့ အမှတ် ၂ ရဲစခန်းနဲ့နီးတာရော စစ်ခွေးတွေရဲ့ကင်းပုန်း ကလည်းရှိတော့​ အလျင်အမြန် ပြန်ဆုတ်ခဲ့ရလို့ပါဗျ” ဟု မုံရွာခရိုင် တပ်ရင်း ၂၂ နတ်ဆိုးတပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၁၃ Aung San Generation ၊ မုံရွာမြို့နယ် ပ.လ.ဖ နှင့် မုံရွာခရိုင်တပ်ရင်း ၂၂ နတ်ဆိုးတပ်ရင်းမှ ရဲဘော်များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article