စစ်ကိုင်းတိုင်းရှိ စစ်ဘေးရှောင် ကလေးငယ်များကို မိုးရာသီ ဘောလုံးပြိုင်ပွဲ ကျင်းပ ပြုလုပ်ပေး
ရန်ကုန်၊ ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းရှိ စစ်ဘေးရှောင် ကလေးငယ်များကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး အဖွဲ့က ဦးစီးပြီး မိုးရာသီအားကစားပြိုင်ပွဲ (ဘောလုံး) ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကလေးများအတွက် ပထမဆု ၃ သိန်း ၊ဒုတိယဆု ၂ သိန်း၊ တတိယဆု ၁ သိန်း အပြင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ၊ အကောင်းဆုံး အားကစားသမားဆု နှင့် ဂိုးသွင်း အများဆုံး ကစားသမားဆုများလည်း ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
အားကစားပြိုင်ပွဲ ကျင်းပနိုင်ရန် ကူညီပေးကြသော ပြည်တွင်းပြည်ပ အလှူရှင်များ၊ ရပ်မိရပ်ဖများ ၊ ကူညီလုပ်ဆောင်ပေးကြသူများ၊ S&C မြေပြင်အဖွဲ့သားများ အားလုံးကို အထူးပင် ကျေးဇူးတင်ဂုဏ်ပြု အပ်ပါကြောင်း S&C အဖွဲ့က ထုတ်ပြန်ထားသည်။