မုံရွာမြို့မှ နမ့်တောသို့ ထွက်ခွာလာသော ကုန်တင်အမြန်ရေယာဉ်တွင် ပျူစောထီးများ၏ ရိက္ခာပစ္စည်းများ ဖမ်းမိ၊ အမြန်ရေယာဉ်၏တာဝန်ခံကို နောက်ဆုံးသတိပေး ခံဝန်ကတိထိုး ပြန်လွှတ်ပေး
ရန်ကုန်၊ ဇူလိုင် ၁၅
စစ်ကိုင်းတိုင်း မုံရွာမြို့မှ နမ့်တောသို့ ထွက်ခွာလာသော ကုန်တင်အမြန်ရေ ယာဉ်တစ်စီးပေါ်တွင် ပျူစောထီးများအတွက် ရိက္ခာကုန်ပစ္စည်းများ တင် ဆောင်လာသဖြင့် PDF တပ်များက ရှာဖွေသိမ်းဆည်း၍ အမြန်ရေယာဉ်၏တာဝန်ခံကို ခံဝန်ကတိထိုးကာ လွှတ်ပေးခဲ့ကြောင်း ULF(တပ်ပေါင်းစု) မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်၏ မင်းကင်းမြို့နယ်၊ပန်းဆက်ရွာမှ ပျူစောထီးများအတွက် ရိက္ခာကုန်ပစ္စည်းများကို အမြန်ရေယာဉ်က တင်ဆောင်လာခြင်းဖြစ်ပြီး သိမ်းဆည်းရမိသည့် ပျူစောထီးများ၏ ပစ္စည်းကို စစ်ဘေးရှောင် ပြည်သူများသို့ ပေးလှူခဲ့ကြောင်း သိရှိရသည်။
“စစ်ဘေးရှောင်တွေကို လှူလိုက်တယ်ဗျ။ အခုက နောက်ဆုံး သတိပေးပြီး ခံဝန်ကတိထိုးခိုင်းလိုက်တယ်ဗျ”ဟု ULF(တပ်ပေါင်းစု) မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်နှင် ဆက်စပ်သည့် ကုန်ပစ္စညးများ တင်ဆောင်လာမှုကို ULF(တပ်ပေါင်းစု) ၏ ကော်မတီဝင် Comrade Column စစ်ကြောင်း Dragon Brothers Task Force(DBTF) အဖွဲ့က သွားရောက်ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမာပင်ခရိုင်အတွင်း ချင်းတွင်းမြစ်ရိုးတစ်လျှောက် နယ်မြေစိုးမိုးရေးနှင့်တရားဥပဒေစိုးမိုးရေးကို အရှိန်အဟုန်ပြင်းစွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး မိဘပြည်သူများ ဒေသကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းပါဝင်ကြရန်အထူးမေတ္တာရပ်ခံပန်ကြားကြောင်းလည်း ULF(တပ်ပေါင်းစု) မှ တာဝန်ရှိသူက ပြောကြားသည်။