ဂန့်ဂေါ၊ မြိုင်နှင့် သထုံမြို့နယ်တို့တွင် ရဲကင်းစခန်း၊ စစ်ကြောင်း၊ ပျူစောထီးစခန်းတို့ကို လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၁၅
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲကင်းစခန်းကို လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း NUG ကာ ကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
ဇူလိုင်လ ၁၃ ရက် နေ့လည် ၁၁ နာရီ မိနစ် ၅၀ ခန့်က အဆိုပါ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲကင်းစခန်းအား လက်လုပ်လက်နက်ကြီး ၄၈ မမ ၅ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းကျရောက် ပေါက်ကွဲပြီး ရဲစခန်းအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် တပ်ရင်း ၇ တပ်ခွဲ ၁၁ နှင့် ပကဖ ပူးပေါင်းအင်အား ၆ ဦးကို ဂန့်ဂေါခ ရိုင် အမှတ် ၇ တပ်ရင်း တပ်ခွဲ ၃ ၊ တပ်စု ၁ တပ်စုမှူး ကိုနေဌေးလင်းမှ ဦးစီးကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ PDF စခန်းတစ်ခုကို ဝင်ရောက်မီးရှို့ဖျက်ဆီးသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးခန့်ဒဏ်ရာရရှိပြီး ထမ်းစင်များဖြင့် သယ် ဆောင်သွားကြောင်း COBRA ONE PKU တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
ဇူလိုင်လ ၉ ရက်နေ့လည်ပိုင်းက မြိုင်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို ဝင် ရောက် မီးရှို့ခဲ့ပြီး ဇူလိုင်လ ၁၀ ရက်နေ့တွင် နှောပင်ရွာကို ညအိပ်ခဲ့ကြောင်း၊ ဇူလိုင်လ ၁၁ ရက် နံနက် ၄ နာရီခန့်တွင် နောက်ထပ် ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခုကို ဝင်ရောက်မွှေနှောက်ခဲ့ရာ ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းအဖွဲ့များမှ ဒရုန်း ၈ စင်းဖြင့် အီနာဂါဗုံးသီး အလုံး ၃၀ ခန့် ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားများ အထိနာပြီး လကန်ကကြီးဖြင့် တစ်ချက်ပြန်ပစ်ကာ စခန်းကို မီးရှို့ပြီး အလူးအလဲ ထွက်ပြေးသွားသဖြင့် လိုက်လံတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရ စစ်သားများ ၁၅ ဦးခန့်ကို ထမ်းစင်များဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖ ၊ Thu Rantr ၊ Black Cheetar ၊ MVP ၊ RDF ၊ COBRA ONE PKU ၊ မဟူရာ အလင်းတန်းနှင့် စနေမင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြိုင်မြို့နယ်၊ ဇီးတောရွာရှိ ပျူစောထီး စခန်းကို ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၃ နာရီခန့် မြိုင် ပကဖ က Drone များဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး တပ်ကြပ် ၁ ဦးနှင့် စစ်သား ၂ ဦးယောက် ပြင်းထန် ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ထို့ပြင် မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အကြမ်းဖက် စစ်တပ်၏ ခမရ ၁ မှ စစ်ထောက်လှမ်းရေး ဇေယျာလင်းကို ခမရ ၁ တပ်ဂိတ်ရှေ့တွင် သထုံ ပကဖမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်မောင်း ခြေထောက်နှင့် ဝမ်းဗိုက်တို့၌ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်စ သထုံ ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။