32 C
Yangon

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကာ စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်သွား၊ ပခုက္ကူမှပေါက်သို့ ထွက်ခွာလာသည့် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံးကာ စစ်တပ်က ပြည်သူ ၂ ဦးကို ပစ်သတ်သွား၊ ပခုက္ကူမှပေါက်သို့ ထွက်ခွာလာသည့် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၅

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Lion Battalion Commando – ဗျူဟာ စစ်ကြောင်းမှ ရဲဘော် အညာသားက ပြောဆိုသည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် ဝင်းရေးမြို့ ပုလိန်ကျေးရွာနှင့် ခလယ်ကျေးရွာ အကြား မီးသွေးကုန်း ဝန်းကျင်တွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်၏ စကခ ၁၃ (ဘုတ်ပြင်း) လက်​အောက်ခံရှိ တပ်မ ၂၂၊ ခမရ ၂၀၉၊ ခမရ ၂၁၀ တပ်ရင်းများနှင့် ဒေကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးခဲ့ပြီး ၆ ဦး ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Lion Battalion Commando – ဗျူဟာစစ်ကြောင်း နှင့် KNU/KNLA အမှတ်(၁၆)တပ်ရင်း တောင်ညိုစစ်ကြောင်း၊ နဂါးနီ စစ်ကြောင်း တို့က ပူး​ပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ခရီးသွား ပြည်သူ ကား ၁ စီးကို ဖမ်းဆီးကာ ပြည်သူ အမျိုးသား ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင်ငြိမ်းချမ်း မြိုင်ဘုရားကုန်းမှနေ၍ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ်များထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ပေါက်လမ်းပေါ်တွင် အကြမ်းဖက်စစ်ကား ၂ စီးကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Pakokku People Defense Force မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၁၄ ရက် နေ့လည် ၁ နာရီဝန်းကျင်ခန့်က ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ မှ အင်အား ၁၀၀ ခန့် လိုက်ပါလာသော အကြမ်းဖက်စစ်ကောင်စီ၏ ၁၂ ဘီးကား ၂ စီးကို လုံခြုံရေးယူပေးရန် ကင်းပုန်းဝပ် နေသည့် ရဲ၊ ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦးအပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လုံခြုံရေးတွေ အများကြီးချထားတဲ့ကြားထဲကနေ မိုင်းဆွဲခဲ့ရတာ၊ ကပ်ဖို့တောင် မလွယ်ဘူး၊ ကားပေါ် မှာကတော့ ဘာတွေပါလဲတော့မသိဘူး၊ စစ်ခွေးတွေကတော့ အင်အား ၁၀၀ လောက်ရှိတယ်လို့ ပြော တယ်၊ ပျူတွေကနေ ထွက်လာပြီး လုံခြုံရေးယူပေးတာ၊ သေဆုံးဒဏ်ရာရတဲ့ သူတွေကို ပခုက္ကူဆေးရုံကို သယ်သွားတယ်လို့ သိရပါတယ်” ဟု Pakokku People Defense Force မှ တာဝန်ရှိ သူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို Pakokku People Defense Force ရဲဘော်များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article