26 C
Yangon

ဆောထိမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီး

Must read

ဆောထိမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီး

■ စစ်တပ်က ပြည်သူ ၃ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီးကျေးရွာ ၁၆ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး နေရ

ရန်ကုန်၊ ဇူလိုင် ၁၆

ကရင်ပြည်နယ်၊ KNU ဆောထိမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟို ထံမှ သိရသည်။

ဇူလိုင်လ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ပိန်းဇလုပ် စခန်းမှ ဆောထိမြို့နယ်ရှိ ချုံအင်းကျေးရွာနှင့် ကောက်မယ့်သူကျေးရွာ အတွင်း လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ပြီး စိုက်ပျိုး မြေနေရာများ ပျက်စီးခဲ့ကြောင်း၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ဆောထိမြို့နယ်ရှိ ဂွေးကုန်းကျေးရွာ၊ ချုံအင်းကျေးရွာနှင့် ကောက်မယ့်သူကျေးရွာတို့ကို လက်နက်ကြီး ၈၁ မမ ၃ လုံး ပစ်ခတ်ခဲ့ရာ ပြည်သူပိုင် နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၂၀ တပ်ရင်းက မြို့ပေါ်သို့ ဈေးဝယ်သွားသည့် ပြည်သူ ၃ ဦးကို တောဝိကျေးရွာလမ်းခွဲတွင် စောင့်ကြို ဖမ်းဆီးခဲ့ပြီး ပစ္စည်းများကို သိမ်းယူကာ လက်ရှိ အချိန်အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၂၀နှင့် ခလရ-၂၆၄ က ပေါက်တောနှင့် ပိန်းဇလုပ်စခန်းမှနေ၍ ဂွေးကုန်းကျေးရွာ၊ ချုံအင်းကျေးရွာနှင့် ကောက်မယ့်သူကျေးရွာကို ၈၁ မမ လက်နက်ကြီး ၁၄ လုံး ပစ်ခတ်ခဲ့ရာ လက်နက်ကြီး ကျည်စထိမှန်ပြီး ချုံအင်းကျေးရွာမှ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၁ ရက်နေ့မှစ၍ အကြမ်းဖက် စစ်တပ်၏ ခမရ-၂၀ နှင့် ခလရ-၂၆၄ တို့၏ ကျေးရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အောက်မိုးခို၊ ရွှေခဲစု၊ အင်းကျိုက်၊ အင်းပုဝါ၊ ဂွေးကုန်း၊ ချုံအင်းနှင့် ကောက်မယ့်သူ စသည့် ကျေးရွာများမှ လူဦးရေ စုစုပေါင်း ၃၀၄၉ ဦး ကျေးရွာများ အတွင်း ထွက်ပြေးနေရကြောင်း သိရှိရသည်။

ထို့ပြင် ကေအဲန်ယူ-ဆောထိမြို့နယ်တွင် KNLA တပ်ရင်း ၇ လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ပျဉ်ရေ၊ ဝိုင်ကျွန်း၊ သိုက်တူးကုန်း၊ ညောင်ပင်ကြီးရွာသစ်၊ ညောင်ပင်ကြီး ရွာမ၊ စပ်စု၊ သက်ကယ်ကုန်း၊ အင်္ဂနီ၊ ကျောက်တန်း၊ စံဖဲ စသည့် ကျေးရွာများမှ လူဦးရေ စုစုပေါင်း ၁၁၀၆၈ ဦး ထွက်ပြေးတိမ်းရှောင် နေရကြောင်း ကေအဲန်ယူ-ဗဟို က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article