35 C
Yangon

ထားဝယ်-ထီးခီးကားလမ်းကို ယနေ့ မှစတင်၍ ရက်ကန့်သတ်မရှိ ပိတ်သိမ်းလိုက်ပြီး ပြည်သူများအားလုံး လိုက်နာကြရန် ကော်သူလေးတပ်မတော်က ကြေညာချက်ထုတ်ပြန်

Must read

ထားဝယ်-ထီးခီးကားလမ်းကို ယနေ့ မှစတင်၍ ရက်ကန့်သတ်မရှိ ပိတ်သိမ်းလိုက်ပြီး ပြည်သူများအားလုံး လိုက်နာကြရန် ကော်သူလေးတပ်မတော်က ကြေညာချက်ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၁၆

တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီးကားလမ်းပေါ်တွင်မည်သည့်ယာဥ်များမှဖြတ်သန်းသွားလာခြင်းမပြုကြပါရန် ပြည်သူများကို KawThooLei Army က မေတ္တာရပ်ခံသည့် ကြေညာချက်တစ်စောင်ကို ယမန်နေ့က ထုတ်ပြန်သည်။

ဇူလိုင် ၁၆ ရက်နေ့မှစ၍ လမ်းပြန်ဖွင့်သည့် အမိန့်စာ မထုတ်ပြန် မချင်း အဆိုပါ ကားလမ်းမကို ပြည်သူများ အသုံးပြုခြင်းမပြုကြပါရန် မေတ္တာရပ်ခံကြောင်း၊ ပြည်သူများအနေဖြင့် ထုတ်ပြန်ချက်တိုကို လိုက်နာပေးခြင်းဖြင့် စစ်အာဏာရှင်တော်လှန်ရေးတွင် ပူးပေါင်း ဆောင်ရွက်ပေးနိုင်ကြောင်း KTLAထားဝယ်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁၆ ရက်နေ့မှစတင်၍ KTLA တပ်ဖွဲ့ဝင်များက လမ်းကို ပိတ်ဆို့ စစ်ဆေးမည်ဖြစ်ပြီး ထုတ်ပြန်ချက်များကို လိုက်နာမှုမရှိပါက ထိခိုက်မှုများအတွက် တာဝန်ယူမည်မဟုတ်ကြောင်း၊ မသင်္ကာဖွယ်ရာအားလုံးကိုပစ်ခတ် ရှင်းလင်းမည်ဖြစ်ကြောင်း ရေးသားထားသည်။

အဆိုပါ ကားလမ်းပေါ်၌မိဘပြည်သူများအနေဖြင့်လည်းမသင်္ကာဖွယ်ရာ လှုပ်ရှားမှုများ တွေ့ရှိပါက နီးစပ်ရာတော်လှန်ရေးအဖွဲများထံသို့ သတင်းပေးပို ကူညီပူးပေါင်းပေးကြပါရန် KTLA က ထပ်မံအသိပေးဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article