32 C
Yangon

ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်၏ ထမ္မကောက်အထိုင်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး

Must read

ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်၏ ထမ္မကောက်အထိုင်စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၈

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် အတွင်းရှိ ထမ္မကောက်အထိုင်စခန်းနှင့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီး ဌာန စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။

ယနေ့ ဇူလိုင်လ ၁၈ ရက် နေ့လည် ၁၁ နာရီ မိနစ် ၂၀ ခန့်က ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက် အထိုင်စခန်း ကို Rocket ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၃ နှင့် ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NSP ) ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။

ထို့အပြင် ယနေ့ ဇူလိုင်လ ၁၈ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ဆိပ်ဖြူမြို့နယ်၊ သပြေကျေးရွာ အ နောက်ဖက်သို့ အင်အား ၅ ဦးခန့်ပါသည့် အကြမ်းဖက်စစ်တပ် ဂျစ်ကားတစ်စီးကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း တပ်ခွဲ ၁ က ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကာ ဂျစ်ကားမှာ သုံးစားမရအောင် ပျက်စီး ခဲ့ ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ကုန်းရွာနှင့် ကျောင်းရွာကြားတွင် တိုက်ပွဲဖြစ်ပြီး အ ကြမ်း ဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ထံမှ သိရ သည်။

ဇူလိုင်လ ၁၃ ရက် နေ့က အမှတ် ၂၁ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး စက်ရုံမှ ထွက်လာသော အ ကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဆိပ်ဖြူမြို့နယ်၊ ကုန်းရွာကျေးရွာနှင့်ကျောင်းရွာကျေးရွာကြား၌ ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက်ငယ်များဖြင့် တိုက် ခိုက်ခဲ့ရာ အပြန်အလှန် ထိ တွေ့တိုက်ပွဲဖြစ် ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင်၊ အမှတ် ၁၉ တပ်ရင်းမှ တိုက်ခိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article