မြဝတီမြို့၊ လက်ခတ်တောင်ဒေသတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေ
ရန်ကုန်၊ ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်ဒေသတွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၈ ရက်နေ့ နံနက် အစောပိုင်းကစတင်ကာ မြဝတီမြို့နယ်၊ လက်ခတ်တောင်ဒေသတွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်နေကြောင်း သိရသည်။
“နံနက် ၄ နာရီလောက်က အပြန်အလှန် ပစ်တယ်။ လက်ခတ်တောင်ဒေသမှာ သေနတ်သံတွေပါ ကြားရပါတယ်။ ခုလည်း ပစ်တုန်း နေ့ဘက်ဆိုတော့ အသံကဝေးတယ်ထင်ရပါတယ်။ လက်ခတ်တောင်ဒေသမှာ ဖြစ်နေတာပါ တိုက်ပွဲက မြဝတီမြို့ တောင်ဘက်မြင်ကွင်းကနေ မနေ့ညက ပစ်နေတဲ့လက်နက်ကြီးက ခုထိ ပစ်နေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။