ထီးလင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၁၇
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ဘူးတောင်းရွာနှင့် ညောင်ရွာအကြား၌ တိုက်ပွဲဖြစ်ပွားပြီး အကြမ်း ဖက် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Yaw Revolution Army – ထီးလင်းမှ သခင်ဇော်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇူလိုင်လ ၁၅ ရက် ညနေ ၃ နာရီခန့်က ထီးလင်းမြို့၊ ရွှေထီးခန်းမမှ ထွက်လာသည့် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက်စစ် ကောင်စီ တပ်မ ၇၇ လက်အောက်ခံစစ်ကြောင်း သည် ဘူးတောင်းကျေးရွာနှင့် ညောင် ရွာကြားအရောက် နားနေစဉ် YRA (ထီးလင်း)တပ်ဖွဲ့မှ လက်နက်ကြီး ၁၀ ချက်ကျော် တရစပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးပစ်ခတ်သည့်နေရာသို့ အကြမ်းဖက်စစ်သားများမှ ဝိုက်၍ ချဉ်းကပ်လာ သဖြင့် အနီးကပ်တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လက်နက်ကြီးနဲ့ ၁၀ ချက်ကျော်လောက်ထုလိုက်တဲ့အခါမှာ နေရာကို သိသွားပြီးတော့ တိတ်တဆိတ် ဘေးကနေ ဝိုက်လာတာ၊ တပ်စိပ် ၂ စိပ်လောက်ရှိတယ်၊ အဲဒီဝိုက်လာတဲ့ စစ်ခွေးတွေကို လက်နက်ကြီး ကင်းအဖွဲ့တွေနဲ့ပြီး ကာပစ် ပစ်ပြီးလက်နက်ကြီးအဖွဲ့က ပြန်ဆုတ်လာခဲ့တာ၊ စစ်ခွေး ၃ ကောင်က လက် နက်ကြီးနဲ့ထိတာ၊ သူတို့နားနေတဲ့နေရာကို သွားကြည့်တဲ့အခါမှာ လက်နက်ကြီးကျထားတဲ့အရာတွေ တွေ့ရှိခဲ့ရတယ်၊” ဟု Yaw Revolution Army – ထီးလင်းမှ သခင်ဇော်က ရန်ကုန်ခေတ် သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
အဆိုပါအကြမ်းဖက်စစ်ကြောင်းကို ဂန့်ဂေါခရိုင် တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၆ ၊ တပ်ရင်း ၁၇ (YRA ထီး လင်း) တပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့က ထီးလင်းမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး ယခုအခါ ထီးလင်းမြို့နယ်၊ သရခါကျေးရွာနှင့် ကျားဆွဲရွာအနီးသို့ ရောက်ရှိနေ ကြောင်း သိရသည်။