30 C
Yangon

ကျိုက်ထိုတွင် ခမရ-၂၀၇ တပ်ရင်းက ထောင်ထားသည့် မိုင်းနင်းမိပြီး ကလေးငယ် ၁ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီး ကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

ကျိုက်ထိုတွင် ခမရ-၂၀၇ တပ်ရင်းက ထောင်ထားသည့် မိုင်းနင်းမိပြီး ကလေးငယ် ၁ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဘုန်းကြီး ကျောင်းနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၁၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၂၀၇ တပ်ရင်းက ထောင်ထားသည့် မိုင်းနင်းမိပြီး ကလေးငယ် ၁ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။

ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တပ်မ-၄၄ လက်အောက်ခံ ခမရ-၂၀၇ တပ်ရင်းက ထောင်ထားသော မြေမြှုပ် မိုင်းနင်းမိပြီး ကျိုက်ထိုမြို့နယ်၊ ဝါးဒတ်ကွင်းကျေးရွာ မီးလောင်ပွက်သစ် ဒေသအခေါ်ဝေါ်တွင် နေထိုင်သည့် အသက် ၁၃ နှစ် အရွယ်ရှိ မောင်အေးချမ်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မုပ္ပလင် လမ်းဆုံ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ တပ်မ-၄၄ လက်အောက်ခံ တပ်ရင်း စစ်ဆေးရေးဂိတ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် မုပ္ပလင်ရွာအနီး အေးဘုရား ဘုန်းကြီးကျောင်း ဝန်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ကာ ဘုန်းကြီးကျောင်း အဆောက်အဦး ၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဘုန်းကြီးကျောင်းရှိ အသက် ၆၁ နှစ်အရွယ် မယ်သီလရှင် (ဘွဲ့အမည်-မစာရီ) ၏ လက်မောင်းကို လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရကာ ညောင်ခါးရှည် ဆေးရုံတွင် ဆေးကုသလျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ကလည်း အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ က ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးနယ်ရှိ ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ငှက်ပျောတောကျေးရွာမှ နော်ထိုက် နေအိမ်ရှေ့တွင် လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲပြီး နေအိမ် အဆောက်အဦး အချို့၊ အိမ်စီးကား ၁ စီးတို့ လက်နက်ကြီးကျည်စထိမှန် ပျက်စီးခဲ့​ကာ ရွာအနီးတွင် လက်နက်ကြီး ၆ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် လက်နက်ကြီး ၁ လုံး ထပ်မံ ပစ်ခတ်ခဲ့ပြီး ငှက်ပျောတောရွာနေ စောရွှေအေး အိမ်ခေါင်မိုးမှ ကြမ်းပြင်ထိ ဖောက်ထွင်းကာ မပေါက်ကွဲဘဲ ကျန်ရှိနေကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ကျိုက်ထိုမြို့နယ်တွင် စစ်ဆေးရေးဂိတ်များတိုးပြီး တပ်စွဲလာကာ ပြည်သူများကို မတရား ငွေကြေးကောက်ခံ ခြင်း၊ ကုန်ပစ္စည်းများ အကန့်အသတ်ဖြင့် သယ်ယူခွင့်ပြုခြင်း၊ ငွေညစ်ခြင်းများကြောင့် ဒေသခံများ အနေဖြင့် ကုန်စည် စီးဆင်း နှောင့်နှေးကြန့်ကြာမှုများ ရှိနေကာ စားဝတ်နေရေးပိုမိုခက်ခဲလာကြောင်း ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article