24 C
Yangon

မတ္တရာတွင် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် ပြည်သူ ၃ ဦး၏ ရုပ်အလောင်းကို ရေထဲ၌ ပြန်တွေ့ပြီး ၁ ဦးပျောက်ဆုံးနေ

Must read

မတ္တရာတွင် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် ပြည်သူ ၃ ဦး၏ ရုပ်အလောင်းကို ရေထဲ၌ ပြန်တွေ့ပြီး ၁ ဦးပျောက်ဆုံးနေ

ရန်ကုန်၊ ဇူလိုင် ၁၈

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သည့် ပြည်သူ ၃ ဦး၏ ရုပ်အလောင်းကို ရေထဲ၌ ပြန်တွေ့ပြီး ၁ ဦးပျောက်ဆုံးနေကြောင်း Wetlet Informational Network ထံမှ သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့တွင် မတ္တရာမြို့နယ်၊ နတ်ကြီးစင်ရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်တပ်က ညောင်အုပ်ရွာကို ဝင်ရောက်ပြီး ပြည်သူ ၄ ဦးကို ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ကာ ရေထဲ၌ ရုပ်အလောင်းများ ဖျောက်ဖျက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသော ပြည်သူများမှာ နတ်ကြီးစင်ရွာ၌ လက်သမား လုပ်နေသည့် စဉ့်ကူးမြို့နယ် ညောင်းဝန်းရွာသား ပြည်သူ အမျိုးသား ၃ ဦးနှင့် မတ္တရာမြို့နယ် ညောင်အုပ်ရွာသား ၁ ဦးတို့ ဖြစ်ကြောင်း ၊ ဖမ်းဆီးခံရသူ ၄ ဦးအနက် ညောင်အုပ်ရွာတွင် အမျိုးသား ၂ ဦးကို သတ်ဖြတ်ခဲ့ပြီး ရေထဲသို့ အလောင်းဖျောက်ဖျက်ခဲ့ကြောင်း၊ ကျန်ပြည်သူ ၂ ဦးကိုလည်း နတ်ကြီးစင်ရွာ ဘုန်းကြီးကျောင်းသို့ ခေါ်သွားကာ ဇူလိုင် ၁၅ ရက်နေ့တွင် သတ်ဖြတ်ပြီး ရေထဲမျော၍ အလောင်းဖျက်ဖျက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် သတ်ဖြတ်ခဲ့သော ပြည်သူ ၄ ဦးအနက် ၃ ဦး၏ ရုပ်အလောင်းကို ရေထဲ၌ ပြန်လည် တွေ့ရှိခဲ့ပြီး ကျန် ၁ ဦး၏ ရုပ်အလောင်းများ ပျောက်ဆုံးနေကြောင်း၊ အဆိုပါ ရုပ်အလောင်း ၃ လောင်းကို အကြမ်းဖက် စစ်သားများ ကျေးရွာအတွင်းမှ ပြန်လာ် ထွက်ခွာသွားချိန်၌ ဒေသပြည်သူများ ဝိုင်းဝန်း မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article